သင်ကြားနည်းလမ်းဆိုင်ရာ သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား


Date : 25 November, 2016

DSC_0090

နေပြည်တော်၊ နိုဝင်ဘာ ၂၃

     ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော GIZ နှင့် SDC အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့မှ ဆရာ၊ ဆရာမများအား သင်ကြားနည်းလမ်း ဆိုင်ရာ သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား (Awarding Ceremony of Teaching Methodology Training (2015-2016) for TVET Teachers) ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။

         ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကဖြစ်ပြီးသကဲ့သို့ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး (Technical and Vocational Education and Training-TVET) ကဏ္ဍသည်လည်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေကဏ္ဍဖွံ့ဖြိုး တိုးတက်ရန်အတွက် အဓိကသော့ချက်တစ်ခုဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် TVET ပညာရေးကဏ္ဍသည် ပထမဦးစားပေးပညာရေးစနစ်ဖြစ်ပြီး TVET ပညာရေးကဏ္ဍကို ရေရှည်တည်တံ့ရန်အတွက် ထိန်းသိမ်းရန်လိုအပ်ပါကြောင်း။

            နည်းပညာ၊ သက်မွေးပညာကျောင်းများမှ ဆရာ၊ ဆရာမများ၏ သင်ကြားမှု၊ သင်ယူမှု ဆိုင်ရာ ကျွမ်းကျင်မှုကို မြှင့်တင်ပေးခြင်းဖြစ်ပြီး Action Oriented Teaching and Learning Methods များနှင့် Lesson Plans များ ပြင်ဆင်ခြင်းများကို လက်ရှိသင်ကြားရေးစနစ်တွင် လက်တွေ့အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်၍ သင်ကြားနည်းလမ်း ဆိုင်ရာသင်တန်း (Teaching Methodology Training) များ ပေးခြင်းဖြစ်ကြောင်း၊ Master Trainers များနှင့်  Multipliers များအဖြစ် ဆောင်ရွက်ရသော ဆရာ၊ ဆရာမများသည် ပြည်တွင်း၊ ြပည်ပသင်တန်းမှ ရရှိလာသော အတွေ့အကြုံ ဗဟုသုတများကို အခြေပြု၍ ပိုမိုကျွမ်းကျင်သော ဆရာ၊ ဆရာမများ ြဖစ်လာမည်ဟု မျှော်လင့်ပါကြောင်း၊ ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ကိုအသုံးပြုပြီး သက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးများအပြင် လူမှုပေါင်းသင်းဆက်ဆံရေးနှင့် စီးပွားရေး လုပ်ငန်း ဖြစ်စဉ်များတွင်လည်း ပါဝင်ဆောင်ရွက်နိုင်သော အရည်အသွေးများရရှိအောင် လေ့ကျင့် သင်ကြားပေးနိုင်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ တီထွင်ဆန်းသစ်မှုရှိသော၊ ယှဉ်ပြိုင်နိုင်စွမ်း ရှိသော စီးပွားရေးကို ပုံဖော်နိုင်မည်ဖြစ်ပြီး တိုင်းပြည်၏ လူမှုစီးပွားဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

            ထို့နောက် GIZ Myanmar မှ Country Director ဖြစ်သူ Dr. Petra Schill နှင့် Swiss for Development and Cooperation (SDC) မှ Counsellor and Deputy Director of Cooperation ဖြစ်သူ Ms. Carin Salerno တို့က အမှာစကားပြောကြားခဲ့ပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာကဏ္ဍများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအား ရှင်းလင်း ခဲ့ပါသည်။

            ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ GIZ နှင့် SDC တို့မှ တာဝန်ရှိသူ တို့က Co-Trainers (၄) ဦး၊ Master Trainers (၁၀) ဦး ၊ Multipliers (၂၀) ဦးတို့အား ဂုဏ်ပြု လက်မှတ်များနှင့် အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမ (၁၅၀) တို့အား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DSC_0151

DSC_0103

DSC_0128

DSC_0136



Bookmark the permalink.

Comments are closed.