ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး တောင်ငူပညာရေးကောလိပ် ၂၀၁၇ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်ပြီးတောင်ငူပညာရေးကောလိပ် သင်တန်းသားသင်တန်းသူများနှင့် တွေ့ဆုံဆွေးနွေးမှာကြားခြင်း


Date : 27 July, 2017

DSC_9599

 

27 7 Taunguu

နေပြည်တော် ဇူလိုင် ၂၇

    ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးသည် ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၉နာရီတွင် တောင်ငူပညာရေးကောလိပ်သို့ ရောက်ရှိပြီး တောင်ငူပညာရေးကောလိပ် ၂၀၁၇ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပွဲတော်သို့ တက်ရောက်သည်။

    ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သတ်မှတ်နေရာများသို့ သွားရောက်နေရာယူကြပြီး မင်္ဂလာအခါတော်အချိန်တွင် ပြည်ထောင်စုဝန်ကြီးက ကံ့ကော်ပင်ကိုအမှတ်တရစိုက်ပျိုးပေးကာ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ မဟော်ဂနီနှင့် ကံ့ကော်ပင်များကိုစိုက်ပေးကြသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူပညာရေးကောလိပ် သင်တန်းသားသင်တန်းသူများ သစ်ပင်စိုက်ပေးနေ မှုများကို လှည်‌့လည်ကြည့်ရှုအားပေးသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ငူပညာရေးကောလိပ်ခန်းမ၌ သင်တန်းသားသင်တန်းသူများနှင့် တွေ့ဆုံကာ လူသားကောင်းများဖြစ်ပေါ်လာအောင်ပြုစုပျိုးထောင်ပေးရန်၊ ပူးပေါင်းဆောင်ရွက်တတ်အောင် သင်ကြား လေ့ကျင့်ပေးရန်၊ တာဝန်ယူတာဝန်ခံသည့် စိတ်ဓာတ်မွေးမြူပေးရန်၊ ဆရာ ဆရာမများစာများများဖတ်၍ အင်္ဂလိပ်စာနှင့် အိုင်စီတီအရည် အသွေးမြင့်မားရေးဆောင်ရွက်ရန်၊ ပရိုဂျက်သင်တန်းများလေ့ကျင့်ပေးရန်၊ တီထွင်ကြံဆတတ်သူ များဖြစ်ပေါ်လာအောင် သင်ကြားလေ့ကျင့်ပေးရန်၊ ပညာရေးလုပ်ငန်းများစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိဘဆရာအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကိုမှာကြားဆွေးနွေးပြီးဒုတိယဝန်ကြီးကအနာဂတ်အတွက် နိုင်ငံတော်မှအားကိုးအားထားပြုရမည့် ဆရာကောင်းဆရာမွန်များဖြစ်အောင် ကြိုးစားအားထုတ်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.