ပဲခူးတိုင်းဒေသကြီး သာယာ၀တီခရိုင် မိုးညိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး တက်ရောက်


Date : 22 July, 2017

20280317_1870294439957067_7725045651518848892_o

22 7 Bago

မိုးညို ဇူလိုင် ၂၂

     ပဲခူးတိုင်းဒေသကြီး သာယာ၀တီခရိုင် မိုးညိုမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောစ်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေး၀န်ကြီး ဦးမောင်မောင်လွင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာ တာ၀န်ရှိပုဂ္ဂိုလ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ ကျောင်းသားကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

   ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေး၀န်ကြီး ဦးမောင်မောင်လွင်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ၀င်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကျောင်းသားကျောင်းသူလေး များက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

  ထို့နောက် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး သင်ယူမှုအခွင့်အလမ်းရရှိရေး သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်ရေး အားလုံးကြိုးစားအားထုတ်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေး၀န်ကြီးဌာနအနေဖြင့် တိုင်းဒေသ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၏ လိုအပ်ချက်များကို တိုင်းဒေသကြီး ပြည်နယ်အစိုးရများ လွှတ်တော်ကိုယ်စားလှယ်များ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ ပူးပေါင်းကာ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ကျောင်းထွက်သူပပျောက်စေရေး၊ ကောင်းမွန်စွာ သင်ယူတတ်မြောက်အောင် သင်ကြားပေးရေးတို့ကို ကျောင်းအုပ်များ၊ ဆရာ ဆရာမများနှင့် ဒေသခံပြည်သူများ ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမကြာခဏပျက်ပြီး စာတတ်မြောက်မှု အားနည်းသော ကျောင်းသား ကျောင်းသူများအား ပြန်လည်ကုစား သင်ကြားပေးမှုကို ဂရုတစိုက် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မူလတန်းပညာရေး အရည်အသွေးတိုင်းတာရာတွင် Grade -2 ဒုတိယတန်းကျောင်းသား ကျောင်းသူများအား တစ်မိနစ်အတွင်း စာလုံးရေ (၄၀)ခန့် ကောင်းမွန်စွာဖတ်နိုင်စေရန် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီ စဉ်ဆက်မပြတ် အကဲဖြတ်ဆောင်ရွက် ရာတွင် ကျောင်းမှန်မှန်တက်မှု၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်နှင့် ပြုမှုဆောင်ရွက်မှု၊ အားကစား၊ စာကြည့်တိုက်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ စာစီစာကုံး၊ စာဖတ်ပြိုင်ပွဲ၊ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ ဟောပြောပွဲများနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဆောင်ရွက်ထားမှုကိုပါ ထည့်သွင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ ကိုယ်တိုင် စာများများ ဖတ်ကြရန်နှင့် ကျောင်းသား ကျောင်းသူများကိုလည်း တစ်ပတ်တစ်ခါ စာကြည့်တိုက်တွင် စာဖတ်စေရန် အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးကြရမှာဖြစ်ပါကြောင်း၊ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်အောင် ဆောင်ရွက်ကာ ICT နည်းပညာများ တတ်ကျွမ်းအောင်လည်း လေ့ကျင့်သင်ကြား သင်ယူကြ ရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ အရည်အသွေးတိုးတက်ရေအတွက် စွမ်းရည်မြှင့်မွမ်းမံ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသလုပ်ငန်းခွင်နှင့် လိုက်လျောညီထွေသည့် သက်မွေး၀မ်းကျောင်း ပညာရေး သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လူသားကောင်းများဖြစ်ပေါ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်တတ်မှု၊ တာ၀န်ယူ တာ၀န်ခံမှု အလေ့အကျင့်များကို သင်ကြားလေ့ကျင့်ပေးကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

     ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေး၀န်ကြီး ဦးမောင်မောင်လွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ၀င်းမြင့်တို့က အမှာစကား ပြောကြားကြသည်။

     ထို့နောက် မိုးညိုမြို့နယ် ရေကြီးနှစ်မြုပ်သော ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေး၀န်ကြီးဌာနမှ ဗလာစာအုပ် ဒါဇင် (၂၀၀၀)၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဗလာစာအုပ် ဒါဇင် (၁၀၀၀)တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံရယူသည်။

    ထို့နောက် မိုးညိုမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေးက မိုးညိုမြို့နယ် ပညာရေးအခြေအနေများကိုတင်ပြပြီး မိုးညိုကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိန်လှိုင်က ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးအား ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရင်းဇယားများကို ပေးအပ်သည်။

     ဆက်လက်၍ မိုးညိုကုမ္ပဏီဒါရိုက်တာ ဦးစိန်လှိုင်က ကျေးဇူးတင်စကား ပြောကြားကာ ကျောင်းသား ကျောင်းသူလေး များက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.