သင်ရိုးညွှန်းတမ်းပြုစုရေးသင်တန်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Date : 25 June, 2017

3

25 6 Curriculam

ရန်ကုန် ဇွန် ၂၅

  ပညာရေးကောလိပ်များတွင် ၄ နှစ် ဒီဂရီသင်တန်း ဖွင့်လှစ်နိုင်ရန် ပထမဆုံးသင်ရိုးညွှန်းတမ်း ပြုစုရေးသင်တန်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် ပင်လုံခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက UNESCO International Bureau of Education-UNESCO’s Global Center for Excellence for Curriculum Development မှ သင်တန်းနည်းပြများနှင့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။

  အလုပ်ရုံဆွေးနွေးပွဲသို့ ပညာရေးတက္ကသိုလ်များ၊ ပညာရေးကောလိပ်များမှ သင်ရိုးပြုစုရေး အဖွဲ့(CCT)နှင့် အခြေခံပညာနှင့်ပညာရေး စီမံကိန်းသုတေသနဌာနများမှ ပညာရှင်များ၊ ကိုယ်စားလှယ်များ စုစုပေါင်း(၈၅)ဦး တက်ရောက်ကြပြီး သင်တန်းအလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ(၁၉)ရက်နေ့မှ ဇွန်လ (၂၅)ရက်နေ့အထိ (၇) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်ရေး (STEM)စီမံကိန်း၊ UNESCO ၏ပံ့ပိုးကူညီမှုဖြင့် ပညာရေးဝန်ကြီးဌာနသည် လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်တွင် အသုံးပြုရန် သင်ရိုးသစ် ကိုပြုစုနေပြီး ယင်းသင်ရိုးပြုစုခြင်းကို သင်ရိုးပြန်လည်သုံးသပ်ခြင်းနှင့် တတ်ကျွမ်းမှုအခြေပြုသင်ရိုးမူဘောင်ရေးဆွဲခြင်းများ၏ရလဒ်များ (၂၀၁၅-၂၀၁၆) အပေါ်မူတည်၍ ဆက်လက် အကောင်အထည်ဖော်ဆောင် ရွက်နေခြင်းဖြစ်သည်။ ထို့ပြင် ၂၀၁၇ တွင်ကျင်းပမည့် ဆွေးနွေးပွဲ ခြောက်ခုထဲမှ ပထမဆုံးတစ်ခုဖြစ်ပြီး UNESCO International Bureau of Education-UNESCO’s Global Center for Excellence for Curriculum Development မှ ပညာရှင်များက သင်ရိုးပြုစုရေး နှင့်ပတ်သက်သည့် ကမ္ဘာလုံးဆိုင်ရာ ချဉ်းကပ်နည်းများကို မျှဝေခြင်း၊ တတ်ကျွမ်းမှုအခြေပြု ချဉ်းကပ် နည်းများနှင့် ၄င်းတို့ကို အသုံးပြုပုံများကို ရှင်းလင်းပြီး သဘောတရားနားလည်မှုကို တည်ဆောက်၍ လက်တွေ့လေ့ကျင့်ခန်း၊ ဆောင်ရွက်သည့် ချဉ်းကပ်နည်းများဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။



Bookmark the permalink.

Comments are closed.