အခြေခံ စက်ချုပ်သင်တန်း အမှတ်စဉ်(၁၃၅) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု၀န်ကြီး တက်ရောက်အမှာစကားပြောကြား


Date : 29 April, 2017

4

29 4 MachinWork (135)

ရန်ကုန် ဧပြီ ၂၉

     ပြည်နယ်နှင့်တိုင်းဒေသကြီးများ အလုပ်အကိုင်ဖွံ့ဖြိုးရေးအထူးအစီအစဉ်အဖြစ် ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၁၃၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် MGHRDC ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်နွယ်တို့က အဖွင့်အမှာစကားပြောကြားကြသည်။

     အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အရ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍသို့ တက်ရောက်သင်ကြားလို သူများအား သင်ယူလေ့ကျင့်နိုင်သော အခွင့်အလမ်းများ တိုးချဲ့ဆောင်ရွက်ခြင်းဖြစ် သည်နှင့်အညီ ပညာရေး၀န်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့်ပူးပေါင်းပြီး ယခုကဲ့သို့ အခြေခံစက်ချုပ် သင်တန်းများဖွင့်လှစ်၍ လုပ်ငန်းခွင်အတွက် လိုအပ်သော ကျွမ်းကျင်မှုများ တတ်မြောက်ရန်လေ့ကျင့်ပေးပြီး လုပ်သား ဈေးကွက်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် တစ်တပ်တစ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်းဖြင့် ပြောကြားသည်။

     ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးက မြန်မာနိုင်ငံတွင် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများအတွက် အရည်အသွေး မြင့်မားသည့်ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရန်၊ အာဆီယံကျွမ်းကျင်မှု စံများနှင့်အညီ လေ့ကျင့် ပျိုးထောင်ရန်၊ သင့်လျော်သော လုပ်ငန်းခွင် အသိပညာနှင့်ကျွမ်းကျင်မှု ရရှိစေရန်အတွက် သင်ကြားရေးနှင့် လေ့ကျင့်ရေးကိုပေါင်းစပ်ပြီး နိုင်ငံတော် အတွက် လိုအပ်သော ပုဂ္ဂလိကကဏ္ဍမှ လိုအပ်သော skill labor workforce များပြုစုပျိုးထောင်နိုင်ရန်အတွက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးစနစ်အား ပိုမိုဖွံ့ဖြိုးတိုးတက်အောင် တစ်စိုက်မတ်မတ် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ နိုင်ငံသားတိုင်း သက်မွေးပညာရပ်များ သင်ယူလေ့ကျင့်ပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိ၍ လူတစ်ဦးချင်း၀င်ငွေတိုးတက်မှသာ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်သည့်အတွက် ယခုထက်ပို၍ ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်းပြီး နိုင်ငံတော်နှင့်ပုဂ္ဂလိက ကဏ္ဍများတွင် အမှန်တကယ် လိုအပ်လျက်ရှိသော လုပ်သားဈေးကွက်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက် စေလိုကြောင်းဖြင့် ပြောကြားသည်။

     ထို့နောက် ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ UMFCCI မှ ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းမှ လုပ်ငန်းရှင်များ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဆရာ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

     အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ(၅၃)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ (၂၄) ရက်မှ မေလ (၅) ရက်နေ့အထိ (၁၀) ရက်ကြ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.