အဆင့်မြင့်ပညာရေးဆိုင်ရာ အရည်အသွေးမြင့်မားရေးဆင့်ပွားပို့ချ ဆွေးနွေးပွဲအခမ်းအနား ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်


Date : 2 March, 2017

1

2 3 Higher Edu (Ygn-seinyatu room)     

ရန်ကုန် မတ် ၂

     ပညာရေး၀န်ကြီးဌာနနှင့် British Council တို့ ပူးပေါင်းကျင်းပသည့် အဆင့်မြင့်ပညာရေးဆိုင်ရာ အရည်အသွေးမြင့်မားရေး ဆင့်ပွားပို့ချဆွေးနွေးပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

     ရှေးဦးစွာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် Mr.Richard Sunderland, Director of British Council တို့က အဖွင့်အမှာစကားပြောကြားကြသည်။ ဆွေးနွေးပွဲတွင် မန္တလေးဆေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာအေးအေးချစ်က Quality in Teaching and Research ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဥမ္မာကျော်က Student Experience ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသိင်္ဂီက Employer Engagement ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာဇော်၀င်းက Leadership and Industry Linkages ခေါင်းစဉ်ဖြင့်လည်းကောင်း အတွေ့အကြုံများကိုရှင်းလင်းပြောကြားခဲ့ကြသည်။

     ထို့နောက် ဆွေးနွေးချက်ခေါင်းစဉ်အလိုက် အဖွဲ့များခွဲပြီးဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသည် ၂၀၁၆ ခုနှစ် နို၀င်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေ့ အထိ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဦးဆောင်သည့် ပညာရေး၀န်ကြီးဌာနနှင့် ကျန်းမာရေး၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များပါ၀င်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဗြိတိန်နိုင်ငံရှိတက္ကသိုလ်များသို့ သွားရောက်လေ့လာခဲ့သည့် အဆင့်မြင့်ပညာကဏ္ဍနှင့် ပတ်သက်သည့် အတွေ့အကြုံ များကို ပြန်လည်မျှဝေဆင့်ပွားပို့ချသည့် ဆွေးနွေးပွဲဖြစ်သည်။

     အဆိုပါအခမ်းအနားတွင် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသားပညာရေးမူ၀ါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်နှင့် အဖွဲ့၀င်များ၊ ပညာရေး၀န်ကြီးဌာနနှင့် ကျန်းမာရေး၀န်ကြီးဌာနအောက်ရှိဦးစီး ဌာနနှင့် တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ယင်းဆွေးနွေးပွဲကို မတ်လ (၂) ရက်နေ့မှ (၃) ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.