ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး (TCFS) အလုပ်ရုံ ဆွေးနွေးပွဲနှင့် တက္ကသိုလ်များရှိ ပညာရေးမိသားစုများနှင့် တွေ့ဆုံ


Date : 3 March, 2017

2

3 3 TCFS(Dagon)       

ရန်ကုန် မတ် ၃

     ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် တာ၀န်ရှိသူများလိုက်ပါ၍ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ PARKROYAL Hotel, YADANAR-1 ခန်းမ၌ကျင်းပပြုလုပ်သော Teacher Competency Standards Framework(TCSF) အလုပ်ရုံ ဆွေးနွေးပွဲသို့တက်ရောက်အမှာစကားပြောကြားခဲ့သည်။

     ဆွေးနွေးပွဲသို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ဦးဇော်ဌေး၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်(အငြိမ်းစား) ဒေါက်တာအောင်မင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ် တာ၀န်ခံပါမောက္ခချုပ် ဒေါက်တာ အေးအေးမြင့်နှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။

      ရှေးဦးစွာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရေးအဖွဲ့၀င် ဒေါက်တာအောင်မင်းက အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေး ရရှိသည့်အချက်များပေါ်မူတည်၍ ထပ်မံဖြည့်စွက်ရမည့်အချက်များကို ရှင်းလင်းတင်ပြပြီးနောက် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက (TCSF) တွင်ပါ၀င် ဆွေးနွေးပေးကြသော လုပ်ငန်းအကောင်အထည် ဖော်ရေးအဖွဲ့၀င်များ မိတ်ဖက်အဖွဲ့အစည်းအားလုံးနှင့် တာ၀န်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုဆွေးနွေးပွဲတွင် ရရှိလာသောအချက်အလက်များသည် ပညာရေးပြုပြင် ပြောင်းလဲမှုပြု လုပ်ရာတွင် များစွာအထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

     ထို့နောက် မိတ်ဖက်အဖွဲ့ အစည်းမှ တာ၀န်ရှိသူတစ်ဦးက (TCSF) ဆွေးနွေးပွဲတွင် ဆွေးနွေးရရှိပါသည့် အချက်အလက် များနှင့် ရှေ့ဆက်ဆောင် ရွက်ရရှိသည်များကိုပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

   ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်များသို့ ဆက်လက်သွားရောက်ခဲ့ပြီး ပညာရေးမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။ တက္ကသိုလ် များမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က တက္ကသိုလ်၀န်းကျင်တည် ဆောက်ရေးလုပ်ငန်းများ ပညာရေးနှင့် ပတ်သက်၍ သင်ကြားရေးအစီအစဉ်များ၊ သင်ကြား သင်ယူမှု အရည်အသွေး မြင့်မားရေးအခြေအနေများ သုတေသန လုပ်ငန်းနှင့် သုတေသနစာတမ်းပြုစု ဆောင်ရွက်နေမှုများ၊ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေးနှင့် အရည် အသွေးပြည့်၀သောဘွဲ့ရ လူငယ်မောင်မယ်များ ပြုစုပျိုးထောင် သင်ကြားလေ့ကျင့်နေမှု အခြေအနေများ၊ သင်ထောက်ကူ ပစ္စည်းများ၊ စာကြည့်တိုက်၊ အိုင်စီတီ၊ ကျောင်းသားကျောင်းသူ အိပ်ဆောင်များ ဆရာ၊ ဆရာမ၀န်ထမ်းအိမ်ရာ လိုအပ်ချက်များတို့ကိုရှင်းလင်းတင်ပြသည်။ ထိုရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များကို ပြည်ထောင်စု၀န်ကြီးက ရှင်းလင်းဖြေကြားခဲ့သည်။

     ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသော ပညာရေးမိသားစုများက သိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စု ၀န်ကြီးနှင့် တာ၀န်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.