ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့၀င်များနှင့် ပညာရေးလုပ်ငန်းစဉ်များဆွေးနွေး


Date : 29 March, 2017

3

30 3National Edu(Ygn)   

ရန်ကုန် မတ် ၂၉

      ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ် အမှတ် ၄၂၆ ပြည်လမ်းရှိ အမျိုးသားပညာရေးမူဝါဒကော်မရှင် ရုံးသို့လာရောက်ပြီး ပညာရေးတစ်နှစ်တာ ဆောင်ရွက်ချက် များကို ဆွေးနွေး ပြောကြားခဲ့သည်။

     အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားပညာရေးမူါဒကော်မရှင် ဥက္ကဋ္ဌဒေါက်တာမျိုးမြင့်နှင့်အဖွဲ့၀င်များ၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း၀င်းနှင့်တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။

     ရှေးဦးစွာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးက အခြေခံပညာကဏ္ဍနှင့်ပတ်သက်၍ သင်ယူမှုအခွင့်အလမ်း ပိုမိုမြင့်မားရေးဆောင်ရွက်မှုနှင့် ပတ်သက်၍လည်းကောင်း၊ KG + 12 သင်ရိုးညွှန်းတမ်းဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ ဆရာ ဆရာမများစွမ်းဆောင်ရည် မြင့်တင်ရေးဆိုင်ရာ အစီအစဉ်များ နှင့်ပတ်သက်၍လည်းကောင်း၊ Grade – 1 ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များ၊ လက်ရေးကျင့်စာအုပ်များနှင့် ပတ်သက်၍လည်းကောင်း၊ အဆင့်မြင့်ပညာ ကဏ္ဍအရည်အသွေး မြင့်မားရေးများ နှင့်ပတ်သက်၍လည်းကောင်း၊ နည်းပညာနှင့်သက်မွေးပညာရေး နှင့်လေ့ကျင့်ရေးကဏ္ဍတွင် ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် ကျွမ်းကျင်လုပ်သားအင်းအားစု ပြုစုပျိုးထောင် သင်ကြား လေ့ကျင့်ပေးရေးနှင့်ပတ်သက်၍လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် တစ်နှစ်တာအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အမျိုးသားပညာရေးမူါဒကော် မရှင် ဥက္ကဋ္ဌဒေါက်တာမျိုးမြင့်က ၂၀၁၆ ခုနှစ် အောက်တိုဘာလမှစတင်၍ (၆) လအတွင်း လုပ်ငန်းဆောင်ရွက်ချက် များကိုလည်းကောင်း ပညာရေးဆိုင်ရာမူါဒချမှတ်နိုင်ရန်အတွက်ဆွေးနွေးပြီးနောက် အမျိုးသားပညာရေးမူါဒကော်မရှင် အဖွဲ့၀င်များက ပညာရေးဆိုင်ရာမူါဒများ ချမှတ်နိုင်ရန်အတွက် အကြံပြုချက်များအသီးသီးကို ဆွေးနွေးပြီးနောက် ထိုဆွေး နွေးမှုများအပေါ် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြားကြောင်း သတင်း ရရှိသည်။



Bookmark the permalink.

Comments are closed.