တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး)ဇုန်အလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ


Date : 29 October, 2017

DSC_1258

Oct 29 M&W Prize

ရန်ကုန် အောက်တိုဘာ ၂၉

     တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး)ဇုန်အလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ(၅)နာရီတွင် ရန်ကုန်မြို့ သထုံလမ်းရှိ တက္ကသိုလ် အားကစားကွင်း၌ကျင်းပရာ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။

   ရှေးဦးစွာ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ(အမျိုးသား၊ အမျိုးသမီး)ဇုန်အလိုက် ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကြရာ ဒဂုံဇုန်အမျိုးသမီးအသင်းက ပုသိမ်ဇုန်အမျိုးသမီးအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ပုသိမ် ဇုန်အမျိုးသားအသင်းက ဒဂုံဇုန် အမျိုးသားအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရဗိုလ်စွဲခဲ့သည်။

    ဆုပေးပွဲတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းက တက္ကသိုလ်၊ ဒီဂရီ ကောလိပ်ပေါင်းစုံ ဇုန်အလိုက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် ပုသိမ်ဇုန် အမျိုးသမီးအသင်းအား လည်းကောင်း၊ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်က တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဇုန်အလိုက် (အမျိုးသား)ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် ဒဂုံဇုန် အမျိုးသားအသင်းအား လည်းကောင်း၊ ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်လှက တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဇုန်အလိုက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဒဂုံအမျိုးသမီးအသင်းအား လည်းကောင်း၊ အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားကော်မတီအဖွဲ့ဝင် ဒေါက်တာလှတင့်က တက္ကသိုလ်၊ ဒီဂရီ ကောလိပ်ပေါင်းစုံ ဇုန်အလိုက် (အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်အမျိုးသားအသင်းအားလည်းကောင်း ဂုဏ်ပြု ဆုများချီးမြှင့်သည်။

  ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဇုန်အလိုက် (အမျိုးသား၊ အမျိုးသမီး)ဘောလုံးပြိုင်ပွဲတွင် တစ်ဦးချင်းအကောင်းဆုံး ဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဇုန်အလိုက် (အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော အသင်းများအား တံခွန် စိုက်ဒိုင်းဆုများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.