ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)ဆုချီးမြှင့်ပွဲကျင်းပ


Date : 28 December, 2017

4

Dec 28

နေပြည်တော် ဒီဇင်ဘာ ၂၈

  ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲကိုယနေ့နေ့လယ် ၁၂နာရီတွင် နေပြည်တော်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

   အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားမှုချုပ်များ၊ ဒုတိယညွှန်ကြား ရေမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်ပညာရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ် ကြီးများနှင့် ဆရာ ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများနှင့် မိဘများတက်ရောက်ကြသည်။

   ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားပြီး အင်္ဂလိပ်စာဘာသာ စာစစ်မှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီက ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၏ အင်္ဂလိပ်စာ ဖြေဆိုမှု စွမ်းရည်နှင့် ပတ်သက်၍ လည်းကောင်း၊ သင်္ချာဘာသာ စာစစ်မှူးချုပ်၊ ရန်ကုန် တက္ကသိုလ်၊ သင်္ချာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာကေတီတင်က ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၏ သင်္ချာ ဖြေဆိုမှု စွမ်းရည်နှင့် ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

   ထို့နောက် အင်္ဂလိပ်စာ ပြိုင်ပွဲတွင် ဆန်ကာတင် ရွေးချယ်ခံရသော ကျောင်းသား ကျောင်းသူများက အင်္ဂလိပ်စာ စွမ်းရည်ကို သရုပ်ပြတင်ဆက်ကြသည်။

  ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဋ္ဌမတန်းမှ အင်္ဂလိပ်စာပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်လမင်းမြတ်၊ ဒုတိယဆုရရှိသူ မသွန်းဝတီလမင်း၊ တတိယဆုရရှိသူ မမြယွန်းမိုနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်ကောင်းမင်းသန့်၊ ဒုတိယဆုရရှိသူ မောင်ဟိန်းသန့်၊ တတိယဆုရရှိသူ မောင်အောင်ပိုင်ခန့် တို့အားလည်းကောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က သတ္တမတန်းမှ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်တည်တံ့၊ ဒုတိယဆုရရှိသူ မမေမြတ်နိုးဇင်၊ တတိယဆု ရရှိသူ မအင်ကြင်းမေနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်ဇာနည်ဘုန်းထက်၊ ဒုတိယဆုရရှိသူ မောင်နေစိုးလွင်၊ တတိယဆုရရှိသူ မောင်မင်းသီဟ တို့အားလည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မေစန်းရီက ဆဋ္ဌမတန်းမှ အင်္ဂလိပ်စာပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်လင်းမာန်ခန့်၊ ဒုတိယဆုရရှိသူ မသဉ္ဖာနှင်းယု၊ တတိယဆုရရှိသူ မကြယ်စင်ရဲထွဋ်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မမြတ်နိုးခင်၊ ဒုတိယဆုရရှိသူ မသံစဉ်ထက်နိုင်၊ တတိယဆုရရှိသူ မဆိုင်းနူးအောင် တို့အားလည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာပိုးပိုးက ပဉ္စမတန်းမှ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်ညီဟိန်းဇော်၊ ဒုတိယဆုရရှိသူ မငွေကြယ်ဖူးငုံ တတိယဆုရရှိသူ မဖူးသဉ္ဇာကိုနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်စိုးသွေးကို၊ ဒုတိယဆုရရှိသူ မစွဲအေးချမ်းထက်၊ တတိယဆုရရှိသူ မောင်ဉာဏ်ထက်ဦး တို့အားလည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၊ သင်္ချာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာကေသီတင်က စတုတ္ထတန်းမှ အင်္ဂလိပ်စာ စွမ်းရည် ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်ဆောင်းမင်းထွန်း၊ ဒုတိယဆုရရှိသူ မချစ်ဆုဆုစံ၊ တတိယဆုရရှိသူ မောင်စိုင်းညွှန်းဆက်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်ဉာဏ်လင်းထူး၊ ဒုတိယဆုရရှိသူ မောင်ထူးထက်အောင်၊ တတိယဆုရရှိသူ မောင်သော်လင်းချစ် တို့အား လည်းကောင်းဆုများအသီးသီး ချီးမြှင့်ကြသည်။

  ထို့နောက် အကဲဖြတ်စစ်ဆေးခြင်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးသောတက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ပါဝင်ကူညီပေးသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.