နိုင်ငံတကာတွင် ကျင့်သုံးနေသည့် Credit Transfer Systems အား အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကျင့်သုံးနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


Date : 15 January, 2018

1

Jan 15

နေပြည်တော် ဇန်နဝါရီ ၁၅

   နိုင်ငံတကာတွင်ကျင့်သုံးနေသည့် Credit Transfer Systems အား အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကျင့်သုံးနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲကို ၁၅-၁-၂၀၁၈ ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီး ဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တက်ရောက် အဖွင့်အမှာ စကား ပြောကြားသည်။

   ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍကြီး (၃) ရပ် ဖြစ်သော အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့်သက်မွေးပညာရေး ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍအားလုံးတွင် အချိုးညီမျှတစွာ ဖွံ့ဖြိုး တိုးတက်ရန် အရေးကြီးပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် ကမ္ဘာတစ်ဝှမ်းလုံးနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှု၊ ပညာရေး ကူးလူးဆက်ဆံမှုများ အဆင်ပြေ ချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် Academic Credit System သည် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါကြောင်း၊ ၂၀၁၇ခုနှစ် အဆင့်မြင့်ပညာကဏ္ဍဆိုင်ရာ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ တွင်လည်း Academic Credit Transfer Systems နှင့် ပတ်သက်၍ တင်ပြခဲ့ပါကြောင်း၊ Academic Credit Transfer Systems သည် ကျောင်းသားများနှင့် တက္ကသိုလ်များ အတွက် ဒေသတွင်းသော်လည်းကောင်း၊ နိုင်ငံတကာနှင့်သော်လည်းကောင်း ပညာရေး ကူးလူးဆက်ဆံရာတွင် အဆင်ပြေ ချောမွေ့စွာ ချိန်ညှိနိုင်စေရန် မျှော်လင့်ပါကြောင်းစသည်ဖြင့် ပြောကြားသည်။

   ဆက်လက်၍ ပုသိမ်တက္ကသိုလ်ပါ မောက္ခချုပ် ဒေါက်တာစီစီလှဘူး၊ ဂျပန်နိုင်ငံ ဟီရိုရှီးမားတက္ကသိုလ် ပါမောက္ခ ဒေါက်တာ Taiji Hotta တို့က အမှာစကား ပြောကြားကြသည်။

 ထို့နောက် ဖွင့်ပွဲအခမ်းအနားအပြီးတွင် အမှတ်တရ စုပေါင်းဓါတ်ပုံများ ရိုက်ကူးကြပြီး အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပကြသည်။

 ယနေ့ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ဂျပန်နိုင်ငံ ဟီရိုရှီးမားတက္ကသိုလ ်ပါမောက္ခ ဒေါက်တာ Taiji Hotta၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.