အင်္ဂလိပ်ဘာသာစကားစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


Date : 26 January, 2018

DSC_1420

jan 26

ရန်ကုန် ဇန်နဝါရီ ၂၆

  ၂၀၁၇-၂၀၁၈ ပညာသင်နှစ်(ဘွဲ့ကြို+ဘွဲ့လွန်)တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၏ အဆင့်မြင့်ပညာဦးစီးအဆင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီခွဲ တွင် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်၌ ကျင်းပသည်။

  အခမ်းအနားတွင် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေဝင်းဦးက အဖွင့်အမှာ စကားပြောကြားသည်။

 ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေဝင်းဦးနှင့် တာဝန်ရှိသူများက ဘွဲ့ကြိုနှင့် ဘွဲ့လွန် အဆင့် Essay ပြိုင်ပွဲ၊ Impromptu Talk ပြိုင်ပွဲနှင့် Round Table Discussion ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။ ဆက်လက်၍ ဘွဲ့ကြိုနှင့် ဘွဲ့လွန်အဆင့်တွင် နိုင်ငံတော်အဆင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသူများ၏ အမည်စာရင်းကို ကြေညာသည်။

 ယင်းနောက် ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုရီက အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲတွင် ကြီးကြပ် ဆောင်ရွက်ခဲ့ကြသည့် ဒိုင်လူကြီးများအား လက်ဆောင်ပစ္စည်းများပေးအပ် သည်။

  အဆိုပါ အင်္ဂလိပ်ဘာသာစကားစွမ်းရည်ပြိုင်ပွဲကို ကျောင်းသား ကျောင်းသူများအနေဖြင့် အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင်နှင့် အများရှေ့တွင် ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုနိုင်စေ ရန်နှင့် ကျောင်းသား ကျောင်းသူတို့၏ ခွဲခြမ်းစိတ်ဖြာနိုင်မှု စွမ်းရည်၊ ပြဿနာများကို ဖြေရှင်းနိုင်သည့် စွမ်းရည်၊ ဝေဖန်သုံးသပ်နိုင်မှုနှင့် ဖန်တီးနိုင်မှုစွမ်းရည်တို့ကို တိုးတက်လာစေရန် ရည်ရွယ်၍ ဇန်နဝါရီ (၂၄)ရက်မှ ဇန်နဝါရီ(၂၆)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.