ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများအား Effective Education Management ခေါင်းစဉ်ဖြင့် ဟောပြောပို့ချ


Date : 29 January, 2018

DSC_1881

Jan 28 ရန်ကုန်၊ ဇန်နဝါရီ ၂၉

   ပါမောက္ခ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်၏ ထိရောက်သော ပညာရေးစီမံခန့်ခွဲမှု (Effective Education Management) ဟောပြောပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် (၁၀) နာရီတွင် ရန်ကုန်မြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်း (အလုံ)ရှိ သီရိရတနာခန်းမ၌ ကျင်းပရာ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်၊ ဒုတိယညွှန်ကြာရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးများ၊ လက်ထောက် ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

  ဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီး ဌာနအနေဖြင့် ကျောင်းသား ကျောင်းသူ များအား လူသားကောင်းများဖြစ်စေရန်၊ ပူးပေါင်းပါဝင် ဆောင်ရွက် တတ်သူများဖြစ်စေရန်၊ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်စေရန်၊ တီထွင်ဆန်းသစ် နိုင်စွမ်းရှိသူများဖြစ်လာ စေရန်၊ ပြုစုပျိုးထောင် သင်ကြား သင်ယူ လေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေး အားလုံးကျောင်းနေရေး၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်မထားရေး၊ ကျောင်းထွက်သူမရှိရေး၊ မည်သည့် ခွဲခြားမှုမျှ မရှိရေးတို့ကို အလေးထား ဆောင်ရွက်ကြရန်နှင့် ထိရောက်သော ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုတို့ကို လေ့ကျင့်ကြိုးစား ဆောင်ရွက်ကြရန် ပြောကြားပါသည်။

  ပါမောက္ခ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က ဟောပြောပို့ချရာတွင် ပညာရေး အရည်အသွေး ပြည့်ဝမှုနှင့် ပြုပြင်ပြောင်းလဲရေး အတွက် လိုအပ်သော စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင် မှုအတွက် လိုအပ်သော ဆောင်ရွက်ရမည့် အချက်များ၊ ကျောင်းအုပ်များက ထိရောက်သောကျောင်း အရည် အသွေးပြည့်ဝရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်ရန်၊ သင်ကြားသင်ယူမှု ဝန်းကျင်ကောင်း ဖန်တီးရန်နှင့် ဆရာဆရာများ၏ အသိပညာနှင့် တတ်ကျွမ်းမှုမြင့်မားရန်၊ ပူးပေါင်းဆောင်ရွက်မှု၊ ကူညီဖြည့်ဆည်းဆောင်ရွက်မှု၊ ကျင့်ဝတ်၊ မျှော်မှန်းချက်၊ ပေါင်းစပ်ညှိနှိုင်းစောင့် ရှောက်မှု၊ စိတ်အားထက်သန်မှု၊ တာဝန်ယူ၊ တာဝန်ခံမှု၊ စီမံကိန်းရေးဆွဲ၍ အချိန်နှင့် တစ်ပြေးညီ စီမံခန့်ခွဲဦးဆောင်မှုစသည့် ကျောင်းအုပ်များ၊ မြို့နယ်/ တိုင်း/ တိုင်းဒေသကြီး ပညာရေးမှူးများက မိမိတတ်ကျွမ်းသည့် ပညာဖြင့် ကျောင်းသားကျောင်းသူများအား အရည်အသွေးပြည့်ဝ ထိရောက်သော ပညာရေးအခွင့်အလမ်း ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးဆွေးနွေးပြောကြားခဲ့ပါသည်။

 ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြရာ ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက်က ပြန်လည်ဆွေးနွေးဖြေကြားကြောင်း သိရှိရပါသည်။



Bookmark the permalink.

Comments are closed.