နိုင်ငံတကာ သင်ကြားမှုစံနှုန်းနှင့်အညီ အခြေခံပညာကျောင်းများတွင် စာတတ်မြောက်ရေး သင်ယူတတ်မြောက်ရေး အကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ


Date : 7 March, 2018

DSC_0282

Mar 7

နေပြည်တော်၊ မတ် ၇

 အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အကောင်အထည်ဖော်ဆောင်ရာ စွမ်းရည်ဖွံ့ဖြိုးစီမံခန့်ခွဲ့မှုဆိုင်ရာ အစီအစဉ် ဖြစ်သော စွမ်းဆောင်ရည်ဖွံ့ဖြိုးရေးအတွက် စာဖတ်ကြစို့ Let’s Read Project ကို ဆောင်ရွက်လျက်ရှိပြီး သင်ယူမှုအခွင့်အလမ်း မြင့်မားရေးနှင့် အရည်အသွေးပြည့်ဝသော ပညာရေးစနစ်ကို ဦးတည်အကောင်ထည်ဖော် ဆောင်ရွက် လျက်ရှိရာ ပညာရေးဝန်ကြီး ဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန)နှင့် Save the Children တို့ ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံတကာတွင် သင်ကြားမှုစံနှုန်းနှင့်အညီ အခြေခံပညာကျောင်းများတွင် စာတတ်မြောက်ရေး သင်ယူတတ်မြောက်ရေး အကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop to review and adapt international best-practices in School-based Literacy Assessments) ကို ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁)ရှိ အစည်းအဝေးခန်းမ၌ မတ်လ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ ကျင်းပပြုလုပ် လျက်ရှိသည်။

 အလုပ်ရုံဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) မှ ညွှန်ကြားရေးမှူးချုပ် (တာဝန်) ‌ဒေါက်တာစိုင်းကျော်နိုင်ဦး၊ Save the Children မှ Head of Programmes Education ဖြစ်သူ Dr Sridevi Srinivasan တို့က အမှာစကား ပြောကြား ကြပါသည်။

 အဆိုပါ အလုပ်ရုံဆွေးနွေး၌ မူလတန်းကျောင်းများတွင် စာဖတ်စွမ်းရည်မြှင့်တင်နိုင်ရေးအတွက် ကျောင်းများတွင် လက်ရှိဖွဲ့စည်း ထားသော မိဘဆရာအသင်းကို ပိုမိုအားကောင်းအောင် ဆောင်ရွက်မည် ဖြစ်ပြီး မိဘဆရာအသင်း အနေဖြင့်လည်း ကလေးများ၏ စာဖတ်စွမ်းရည် တိုးတက်လာစေရန် ကျောင်းများအား ပံ့ပိုးမှုများပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ပံ့ပိုးမှုများပြုလုပ်နိုင်ရန်အတွက် မိဘဆရာအသင်း၏ စာဖတ်စွမ်းရည်နှင့် ပတ်သက်သော လုပ်ဆောင်ရမည့် လမ်းညွှန်ချက်များ ပြုစုပြီး ရှေးပြေးစမ်းသပ် ဆောင်ရွက် မှုများကို မကြမီပြုလုပ်သွားမည်ဖြစ်ပါသည်။ မိဘဆရာအသင်းရှိ ကျောင်းအုပ်နှင့် မိဘ ဆရာတစ်ဦးစီအား သင်တန်းများ ပေးမည်ဖြစ်ပြီး ဆင့်ပွားသင်တန်းများလည်း ဆောင်ရွက်သွာမည် ဖြစ်ပါကြောင်း၊ သင်တန်းများပြီးဆုံးသွားပါက ကျောင်းများတွင် အကောင် အထည် ဖော်ဆောင်ရွက် နိုင်မှုကို ပြန်လည်ကြည့်ရှုသွားမည်ဖြစ်သည်။ ထိုအဆင့်အလိုက် လုပ်ဆောင်မှုများကို လာမည့် လများမှ စတင်၍ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

 Save the Children မှ တာဝန်ရှိသူတို့က နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ကျောင်းအခြေပြု သင်ကြား သင်ယူတတ်မြောက်မှု ဆိုင်ရာ နှုန်းများနှင့် စပ်လျဉ်းပြီး အကဲဖြတ်ခြင်းများကို ပို့ချခြင်းပေးပြီး ပညာရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဦးစီးဌာနအသီးသီး တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ မြန်မာနိုင်ငံ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့သော လုပ်ငန်းစဉ် များအား ဆွေးနွေးခြင်း သင်ကြား၊ သင်ယူတတ်မြောက်မှု အကဲဖြတ်ရေးဆိုင်ရာ အပြန်အလှန် ဆွေးနွေးခြင်း၊ တစ်ဦးချင်းစီအလိုက် ဆွေး‌နွေးခြင်း၊ Presentation ဖြင့်ပြသခြင်း အုပ်စုလိုက်ဆွေးနွေး ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.