ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ


Date : 11 March, 2018

3

Mar 11

နေပြည်တော် မတ် ၁၁

 ShweTaung Group နှင့်Maenum Metal Supply Co.,Ltdတို့က ဆောက်လုပ်လှူဒါန်းသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့နယ်၊ သဲပြင်တောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ပေ၃၀xပေ၆၀ (တစ်ထပ်) ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို     ၁၁-၃-၂၀၁၈ ရက်နေ့ နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။

 ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ ထိုင်းနိုင်ငံ Maenum Metal Supply Co.,Ltd မှ Ms. Maneerat Neenchaisak၊ Shwe Taung Groupမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်း၊ Vietnamသံအမတ် Ms. Luan Thuy Duong တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ Shwe Taung Groupမှ ဥက္ကဋ္ဌ ဦးအိုက်ထွန်း၊ Brazil သံအမတ် Mr. Souza Sliva Antonio Jose Maria De ၊ ထိုင်းနိုင်ငံ ဒုတိယသံအမတ် Mr. Pramoch Chailaivanichkulတို့က ကမ္ဗည်းကျောက်စာအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးကြပြီး အမွေးနံ့သာများဖြင့် ပက်ဖျန်းပေးကြသည်။

 ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ အလှူရှင်များ နှင့် ဧည့်သည်တော်များက ကျောင်းဆောင်အတွင်း လှည့်လည် ကြည့်ရှု ကြသည်။

 ထို့နောက် အခမ်းအနားဒုတိယပိုင်းအစီအစဉ်အား ဆက်လက်၍ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားသည်။

 ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် ကျေးလက်ဒေသနှင့် ဝေးလံဒေသ များရှိ ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူမှု အခွင့်အလမ်း ပိုမိုမြင့်မားစေရေးနှင့် ကျောင်းထွက်နှုန်း ပပျောက်စေရေး အတွက် ကျောင်းအဆင့် တိုးမြှင့်ပေးခြင်းနှင့် လိုအပ်နေသော ကျောင်းဆောင်များကိုလည်း တည်ဆောက် ပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း။ ထို့ကြောင့်လည်း ကျောင်းထွက်နှုန်းများ သိသိသာသာ လျော့နည်းလာပါကြောင်း ကျောင်းသားကျောင်းသူများ ကောင်းစွာ သင်ယူတတ်မြောက်နိုင်ရေးအတွက် ဆရာဆရာမများနှင့် မိဘပြည်သူများ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း Gread-3 အရွယ်တွင် ကောင်းမွန်စွာရေးတတ် ဖတ်တတ် တွက်တတ်အောင် သင်ကြားပေးနိုင်ပါက တစ်သက်တာလုံးအတွက် ရေးနိုင် ဖတ်နိုင် တွက်နိုင်မည်ဖြစ်ပါကြောင်း။ ကျောင်းဆောင်များ ဆောက်လုပ်ပေးရာတွင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုဘဏ္ဍာငွေအရသာ တည်ဆောက်ပေးခြင်း ဖြစ်သဖြင့် လိုအပ်သမျှ မဆောက်ပေးနိုင်သေး ပါကြောင်း။ ယနေ့ Shwe Taung Group ၏ (၉၉)ကျောင်းမြောက် တည်ဆောက် လှူဒါန်းမှုအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သဲပြင်တောကျေးရွာ အလယ်တန်း ကျောင်းမှ မိမိဒေသနှင့် နိုင်ငံတော်အကျိုး သယ်ပိုးရွက်ဆောင်နိုင်သော တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်သည့် အလေ့အကျင့် ဆက်စပ်စဉ်းစားတွေးခေါ် တီထွင်ကြံဆတတ်သော အရည်အချင်း အသင်းအဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်လိုသော စိတ်ဓာတ် များနှင့် ပြည့်ဝသည့် အစဉ်လေ့လာသင်ယူနေသော လူသားကောင်းများ ပြုစုပျိုးထောင်နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

 ထို့နောက် ShweTaungGroup ဥက္ကဋ္ဌ ဦးအိုက်ထွန်းက ကျောင်းဆောင်သစ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင် ပြသည်။

 ယင်းနောက် ShweTaungGroupမှဥက္ကဋ္ဌ ဦးအိုက်ထွန်းနှင့်Maenum Metal Supply Co.,Ltd မှ Ms. Maneerat Neenchaisak တို့က ကျောင်းဆောင်သစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ရာ ညောင်ဦးမြို့နယ် ပညာရေးမှူးေ ဒါ်စန်းစန်းအေးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ အလှူရှင်အသီးသီးက ကျောင်းသုံးစာရေးကိရိယာများ   ၊ ကျောပိုးလွယ်အိတ် ၊ထမင်းချိုင့်များ ၊ကွန်ပြူတာ၊ ပရင်တာများ နှင့် ကျောင်းအတွက် ရေသန့်စက်၊ အဲယားကွန်းများကို ပေးအပ်လှူဒါန်းကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးခိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 ထို့နောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာထွန်းခင် နှင့် သဲပြင်တော ကျေးရွာရပ်မိရပ်ဖ ဦးအေးကို တို့က ဝမ်းမြောက် ကျေးဇူးတင်စကားပြောကြားကြသည်။

 ယနေ့အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူမျာ၊း လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရွှေတောင်ကုမ္ပဏီ ဥက္ကဌကြီးနှင့် တာဝန်ရှိသူများ သံအမတ်ကြီးများ ၊ကျောင်းသား ကျောင်းသူများ ၊ဆရာဆရာမများ၊ရပ်မိရပ်ဖများနှင့် မိဘပြည်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.