ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး ပဲခူးမြို့ရှိ ကျောင်းများတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ဖြေဆိုနေမှုများကိုလှည့်လည်ကြည့်ရှု


Date : 9 March, 2018

9

Mar 9

ရန်ကုန် မတ် ၉

  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးဝင်းသိန်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသည့် စာစစ်ဌာနများသို့ရောက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့(သင်္ချာဘာသာရပ်) ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုသည်။

 ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကျောင်းသားကျောင်းသူများ သင်္ချာဘာသာရပ် ဖြေဆိုနေမှုများနှင့် စာမေးပွဲ ဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး ကြီးကြပ် ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား ကျောင်းသား ကျောင်းသူများ စာမေးပွဲကာလအတွင်း စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေးနှင့် စာမေးပွဲစည်းမျဉ်း များအတိုင်း လိုက်နာဆောင်ရွက်ကြရန်မှာကြားသည်။

 ပဲခူးတိုင်းဒေသကြီး၌ စာစစ်ဌာနပေါင်း(၁၄၂)ခုတွင် ကျောင်းသား ကျောင်းသူ (၇၄၃၁၄) ဦး စာရင်းပေးသွင်း ကြပြီး (၆၉၂၉၇) ဦး ဝင်ရောက် ဖြေဆိုကြကာ ပျက်ကွက်သူဦးရေ (၅၀၁၇) ဦးရှိသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၃ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.