(၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ၂၀၁၈ နှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ် ခေါင်းဆောင်များ စည်းဝေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ


Date : 21 March, 2018

DSC_6384

march 21

နေပြည်တော် မတ် ၂၁

 (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ၂၀၁၈ နှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ခေါင်းဆောင်များ အစည်းဝေးပွဲ ဒုတိယနေ့အဖြစ် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းခန်းမ၌ကျင်းပသည်။

   အစည်းအဝေးတွင် အာဆီယံတက္ကသိုလ်များ အားကစားကောင်စီဥက္ကဋ္ဌ Prof.DrMohd Said ကအဖွင့်အမှာ စကားပြောကြား ပြီး မြန်မာနိုင်ငံတက္ကသိုလ်များ အားကစားအဖွဲ့ဥက္ကဋ္ဌ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အမှာစကားပြောကြားသည်။

 ယင်းနောက် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ၂၀၁၈အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့့်် စပ်လျဉ်း၍ အားကစားအမျိုးအစားများကို ပြိုင်ပွဲဝင်အသင်းအရေအတွက် ပြည့်မီမှသာ ထည့်သွင်းကျင်းပရေး၊ ပါဝင်ယှဉ်ပြိုင်မည့် အားကစား အမျိုးအစားများကို သတ်မှတ်အချိန်အတွင်း စာရင်းပေးပို့နိုင်ရေး၊ အားကစားသမားများ၏ ကျန်းမာရေးဆေးစစ်ချက်ကို သတ်မှတ် နေရာတွင် ဆောင်ရွက်ရေးများနှင့် အိမ်ရှင်နိုင်ငံမှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို တက်ရောက်လာကြသူများက အကြံပြုညှိနှိုင်း ဆွေးနွေးကြသည်။

  အစည်းအဝေးပွဲအပြီးတွင် တက်ရောက်လာသူများက သက်ဆိုင်ရာ အားကစားနည်းအလိုက် ပြိုင်ပွဲကျင်းပမည့် နေရာများ၊ အားကစားသမား တည်းခိုဆောင်များနှင့် လေ့ကျင့်ရေးစခန်းများကို လိုက်လံကြည့်ရှုကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.