Sakura-Insein Technical Course (6th Batch) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 31 March, 2018

DSC_5887

March 31ရန်ကုန် မတ် ၃၁

   ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနကကြီးမှူး၍ AGTI Society (ဂျီတီအိုင် ကျောင်းသားဟောင်းများအသင်း)နှင့် ဂျပန်နိုင်ငံမှ Sumitomo Corporationနှင့် Kinden Corporation တို့ပူးပေါင်း ဖွင့်လှစ်သည့် Sakura-Insein Technical Course (6th Batch) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကျောင်းဝင်းအတွင်းရှိ အစည်းအဝေး ခန်းမကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် AGTI Society ဥက္ကဋ္ဌ ဦးငြိမ်းအောင်တို့က အဖွင့်အမှာစကားပြောကြားသည်။

   ဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကအဖွင့်အမှာ စကားပြော ကြားရာတွင် ယခုဖွင့်လှစ်သည့် သင်တန်းသည် Sakura-Insein Technical Courseသင်တန်းဖြစ်ပါကြောင်း၊ ယင်းသင်တန်းတွင် Commercial Electrical Wiring Courseသင်တန်းနှင့် Electrical Power Distribution Line Course သင်တန်း(၂)မျိုးကို ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်မည့် သင်တန်းသည် (၆) ကြိမ်မြောက် ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ ယခင်ကလည်း အဆိုပါသင်တန်းများကို (၅) ကြိမ်အထိ အောင်အောင် မြင်မြင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသား ဦးရေစုစုပေါင်း (၁၇၄)ဦး မွေးထုတ်ပေးနိုင်ခဲ့ရာ အဆိုပါ သင်တန်းဆင်း များအနက် (၁၁၈)ဦး အလုပ်အကိုင်ရရှိပြီး ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အစိုးရနှင့် ပုဂ္ဂလိကတို့ အဓိကဆက်နွယ် နေသည့် နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ (TVETကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုးချဲ့မြှင့်တင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားပညာရေးဥပဒေပါ ပညာရေးကဏ္ဍ (၃)ခုဖြစ်သည့် အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးတို့ကို ဖော်ဆောင်ခြင်းဖြင့် ဟန်ချက်ညီညီ လုပ်ဆောင်နေခြင်းပင် ဖြစ်ပါကြောင်း၊ ထို့ပြင် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် TVET ကဏ္ဍကို တိုးချဲ့ ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်း‌ေဒသကြီးနှင့် ပြည်နယ်များတွင် TVET ကဏ္ဍကိုတိုးချဲ့ ဆောင်ရွက်ခြင်း စသည်ဖြင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကအခန်းကဏ္ဍတွင် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးတန်ဖိုးထား ကြိုးပမ်းဆောင်ရွက် နေပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာရေး အောင်မြင်ပါမှ လူငယ်များ၊ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းကောင်း များရရှိနိုင်သကဲ့သို့၊ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်ကျင်းပသည့် သင်တန်းသည် ဂျပန်နိုင်ငံ၏ လျှပ်စစ်စံချိန် စံညွှန်းများနှင့်အညီ သင်ကြားပေးမည်ဖြစ် သည့်အတွက် အကျိုးကျေးဇူးများစွာ ရှိပါကြောင်းနှင့် နည်းပညာနှင့် သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဝိုင်းဝန်း၍ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြစေလို ကြောင်းဖြင့် ‌ြေပာကြားသည်။

   ထို့နောက် Sumitomo Corporation မှ အထွေထွေမန်နေဂျာ Mr.Katsuji Nakagawa နှင့် Kiden Corporation မှ အထွေထွေမန်နေဂျာ Mr.Masashi Tokumoto တိုက နှုတ်ခွန်းဆက်စကားပြောကြားပြီး Sakura-Insein Technical Course မှ သင်တန်းဆရာတစ်ဦးက Course Outline Presentation အား ရှင်းလင်းတင်ပြသည်။

   ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများသည် သင်တန်းဧရိယာနှင့် သင်ထောက်ကူပစ္စည်းများအား လိုက်လံ ကြည့်ရှုခဲ့သည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(မှော်ဘီ)သို့ရောက်ရှိကြပြီး နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူးများ)၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။



Bookmark the permalink.

Comments are closed.