၂၀၁၈ ခုနှစ် အင်းလေးခေါင်တိုင်လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 1 May, 2018

????????????????????????????????????

May 1

ညောင်ရွှေ မေ ၁

  ၂၀၁၈ ခုနှစ် အင်းလေးခေါင်တိုင်လူရည်ချွန် အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင်အပန်းဖြေစခန်းတွင် ကျင်းပသည်။

 ရှေးဦးစွာရှမ်းပြည်နယ်လူမှုရေးဝန်ကြီး၊ အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် ပြည်သူ့ လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်နှင့် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေ စခန်းမှူး ဦးသန်းအေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

   အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အခုလို ထူးချွန်ထက်မြက်တဲ့ လူငယ်မောင်မယ်များကို လက်ခံ ဂုဏ်ပြုခွင့် ရတာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အင်းလေးခေါင်တိုင် အပန်းဖြေစခန်းကို ဘာရောက်အပန်းဖြေကြမယ့် လူရည်ချွန်များ အတွက် အသင့်ပြင်ဆင်ထားပြီး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၏ လူမှုရေး၊ စီးပွားရေး၊ ရိုးရာဓလေ့ထုံးစံများနှင့် သဘာဝအလှ တရားများကို လေ့လာကြည့်ရှု ခံစားခွင့်များ ရရှိကြမည် ဖြစ်ကြောင်း၊ တောင်ကြီးဒေသ၊ အင်းလေးဒေသ၊ ပင်းတယဒေသများနှင့် ဒေသန္တရာ ဗဟုသုတများ၊ ရိုးရာဓလေ့ထုံးစံများကို ထဲထဲဝင်ဝင်လေ့လာကြဖို့ တိုက်တွန်းပါကြောင်းပြောကြားသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကအဋ္ဌမတန်းမှ လူရည်ချွန် ၁၇၆ ဦး၊ နဝမတန်းမှ လူရည်ချွန် ၁၇၆ ဦး၊ ဒသမတန်းမှ လူရည်ချွန် ၁၇၆ ဦးစုစုပေါင်း ၅၂၈ ဦးကို ပြုစုပျိုးထောင်နိုင်ပြီး အင်းလေးစခန်း၊ ပုဂံစခန်း၊ ငွေဆောင် စခန်းတို့ကို စေလွှတ်ကာ ဒေသန္တရ ဗဟုသုတများကိုရရှိအောင်၊ အချင်းချင်းအတွေ့အကြုံများ ဖလှယ်ခြင်းနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို လေ့လာနိုင်ရန် ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းချနေစဉ်မှာလည်း ပညာရေးဆိုင်ရာ ဟောပြောပွဲများ၊ စာပေဗဟုသုတ နှီးနှောဆွေးနွေး ခြင်းများ၊ ဒေသလုပ်ငန်းများ၊ ဒေသထွက်ကုန်များ၊ ဒေသခံများ၏ ရိုးရာယဉ်ကျေးမှုများ၊ လက်မှုပညာများကိုလည်း လေ့လာဆည်းပူးသင်ယူခွင့် ရကြမည် ဖြစ်ကြောင်း၊ ကာယဖွံ့ဖြိုးမှု၊ ညဏ်ပညာ ထူးချွန်မှုတို့ကြောင့် လူရည်ချွန် ဖြစ်လာသည့်အတွက် ကျန်းမာသန်စွမ်းပြီး စာရိတ္တကောင်းသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာအောင် ဆက်လက်နေထိုင်သွားရန် တိုက်တွန်းကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများကို ယခုထက်ပိုမိုပါဝင်ပြီး နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု၊ လုပ်ငန်းများကို ယှဉ်ပြိုင်ဆောင်ရွက် စေလိုကြောင်း၊ ဘက်စုံပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများနှင့် စုပေါင်း နေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရေး၊ ဒေသန္တရာ ဗဟုသုတများ ရရှိစေရေး ကျောင်းသား ကျောင်းသူ များ၏ စံနမူနာ ပြလူငယ်များပေါ်ထွက် လာစေရေးစသည့် အချက်များဖြင့် ပြည့်စုံအောင်နေထိုင် ဆောင်ရွက်သွားကြရန်၊ ဆန်းသစ်ထီထွင် နိုင်စွမ်းရှိသော၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသောအနာဂတ်၏ နိုင်ငံ့ခေါင်းဆောင် များ ဖြစ်အောင် ဘဝတစ်သက်သာလုံး ဆက်လက်သင်ယူကြရန် တိုက်တွန်းပြောကြားသည်။ ဆက်လက်ပြီးအင်းလေးခေါင်တိုင် လူရည်ချွန် အပန်းဖြေ စခန်း စခန်းမှူး ဦးသန်းအေးက လူရည်ချွန်စီမံကိန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

   ယင်းနောက် လူရည်ချွန်များ ကျောင်းသားကျောင်းသူများ ကိုယ်စားကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့အား ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးပြီး ၂၀၁၈ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန် အပန်းဖြေစခန်း ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခြင်း၊ လူရည်ချွန် (၁၉၆၄ မှ ၁၉၈၈ ထိ) အဖွဲ့က လက်ဆောင် ပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ကာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် လူရည်ချွန် ကျောင်းသားကျောင်းသူများက အင်းလေးခေါင်တိုင် စခန်းတွင် ဖွင့်လှစ်ထားသည့် ပညာပေးပြခန်းများကိုလှည့်လည်ကြည့်ရှု ခဲ့ကြကြောင်းသိရသည်။



Bookmark the permalink.

Comments are closed.