တယ်လီနောမြန်မာနှင့်KMDတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နွေရာသီဒစ်ဂျစ်တယ်နည်းပညာသင်တန်းစီမံချက်(၂၀၁၈)သင်တန်းပိတ်ပွဲနှင့် Laptop ကွန်ပျူတာလှူဒါန်းခြင်းအခမ်းအနားကျင်းပ


Date : 20 July, 2018

4

GIFMaker.org_aAotoh

နေပြည်တော် ဇူလိုင် ၂၀

တယ်လီနောမြန်မာနှင့်KMDတို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် နွေရာသီ ဒစ်ဂျစ်တယ် နည်းပညာ သင်တန်း စီမံချက်(၂၀၁၈)သင်တန်း ပိတ်ပွဲနှင့် Laptop ကွန်ပျူတာ လှူဒါန်းခြင်း အခမ်းအနားကိ်ု (၂၀၊၇၊၂၀၁၈) ရက်နေ့ နံနက် ၈း၃၀ နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့် နွေရာသီကာလအတွင်း အခြေခံပညာဦးစီးဌာန၊ တယ်လီနောနှင့်KMDတို့ပူးပေါင်း၍ နိုင်ငံတစ်ဝန်းက ကျောင်းသားကျောင်းသူ (၂၅၀ဝ၀)ကျော်ကိုကွန်ပျူတာ အခြေခံပညာ ရပ်များကိုသင်ကြားပေးနိုင်ခဲ့သည့်အတွက် ပညာရေးဝန်ကြီးဌာန အနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန အနေဖြင့် ကျောင်းသား ကျောင်းသူများအား သင်ယူမှုဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ထိရောက်စွာ အသုံးပြုသင်ကြားသင်ယူရေး၊ အရည်အသွေးများ မြှင့်တင်ပေးရေး လုပ်ငန်းများသည်လည်း ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် အဓိက အချက်အနေဖြင့် ပါဝင်နေပါကြောင်း ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းစာတစ်ခုတည်းသာမက Digital Technology ၏ အားသာချက် အားနည်းချက်များကို သိရှိနာလည် အသုံးချကာ မိမိ၏သင်ယူနိုင်စွမ်းနှင့် အနာဂတ်ကို ပိုမိုကောင်းမွန် လှပလာစေ၍ အများအကျိုး ဆောင်ရွက်နိုင်သော လူသားကောင်းများ ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ယနေ့ကြုံတွေ့နေရသော ပုံမှန်မဟုတ်သည့် ဒစ်ဂျစ်တယ် နည်းပညာ၏ စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှုများကိုပါ ပူးတွဲပို့ချ သင်ပေးနိုင်ခဲ့သည့်အတွက် အလွန်ကောင်းမွန်သည့် သင်တန်းများဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ သာမက ဆရာ ဆရာမများ မိဘအုပ်ထိန်းသူ၊ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများကို ဒီဂျစ်တယ်နည်းပညာရပ်သင်တန်းပေးသင့်ပါကြောင်း၊ လုပ်သားဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိရေးအတွက် နည်းပညာကို ကျွမ်းကျွမ်းကျင်ကျင်အသုံးချ၍ ဆန်းသစ်တီထွင် မှုပြုလုပ်နိုင်ဖို့ အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော မောင်းနှင် အားတစ်ရပ်ကို တည်ဆောက်ခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နွေရာသီဒစ်ဂျစ်တယ် နည်းပညာသင်တန်းများကို တယ်လီနော မြန်မာနှင့် KMD၊ Ericsson၊ IGT၊ MIDO တို့၏ ပူးပေါင်း ဆောင်ရွက်မှုသည် အရည်အသွေးမြင့်မားသော လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေးနေသော ပညာရေးဝန်ကြီးဌာနကို အထောက်အကူ ပြုသလို ဆက်လက် ပူးပေါင်းတိုးချဲ့ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြား သည်။

ဆက်လက်၍ တယ်လီနောမြန်မာ၏ ကုမ္ပဏီရေးရာ အရာရှိချုပ် Hans Martin HoeghHenrichsen နှင့် KMD မှ ဒါရိုက်တာ ဦးကိုကိုတင်တို့က အမှာစကား ပြောကြားသည်။

ယင်းနောက် နွေရာသီဒစ်ဂျစ်တယ်နည်းပညာသင်တန်း၏ မှတ်တမ်းဗီဒီယိုဖိုင်အား ပြသသည်။

ထို့နောက် နွေရာသီနည်းပညာသင်တန်း အစီအစဉ်တွင် ပါဝင်ဆောင်ရွက်မှုအတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် တိုင်းဒေသကြီး ပြည်နယ်အလိုက် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် အကောင်းဆုံး စွမ်းဆောင်ရည်ဆု ရရှိသော KMD စင်တာ(၁၀)ခုနှင့် Myan ICT for Development Organization(MIDO)တို့အား ဆုချီးမြှင့်သည်။ ယင်းနောက် တယ်လီနောမှ ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ် ဒေါ်ရင်ဌေးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းပေါင်း(၄၀)အတွက် laptop ကွန်ပျူတာ (၂၄၁)လုံးပေးအပ်လှူဒါန်းသည်။

ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တယ်လီနော မြန်မာနှင် ့မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အခြေခံပညာ ကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ပညာရေး မိသားစုဝင်များ တက်ရောက်ကြကြောင်းသိရသည်။



Bookmark the permalink.

Comments are closed.