ဂျာမနီနိုင်ငံ ဂျာမန်အမျိုးသား ပေါင်းစည်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ


Date : 3 October, 2018

43022181_1737938949667297_9007168275141885952_n

GIFMaker.org_k2gBdn

ရန်ကုန် အောက်တိုဘာ ၂

ဂျာမနီနိုင်ငံ၏ ဂျာမန် အမျိုးသား ပေါင်းစည်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ညနေ ၇ နာရီတွင် ရန်ကုန်မြို့ Novotel Hotel ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်ဇနီး ဒေါ်စန်းစန်းယု တို့တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် ဂျာမနီနိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီ နိုင်ငံ သံအမတ်ကြီး H.E. Mrs. Dorothee Elsbeth Christiane Janetzke-Wenzel နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ယင်းနောက် ဧည့်ခံပွဲသို့တက်ရောက်လာကြသူများအား သံအမတ်ကြီးက ညစာ စားပွဲဖြင့်တည်ခင်းဧည့်ခံသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)



Bookmark the permalink.

Comments are closed.