KUBOTA CO.,LTD မှ ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာ အစုံပေါင်း(၁၆၃၀ဝ) လှူဒါန်းပေးအပ်ခြင်း အခမ်းအနား


Date : 3 October, 2018

43045354_2136354860017689_4918009859141533696_n

GIFMaker.org_CqPvPU

နေပြည်တော်၊ အောက်တိုဘာ ၃

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ်(၁၃)၊ ပညာရေးဝန်ကြီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကူဘိုတာကုမ္ပဏီနှင့် ကူဘိုတာအရောင်းကိုယ်စားလှယ်များ၏ ကျောင်းသားကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်နှင့်စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား‌ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယမန်နှစ်က ကူဘိုတာမှပေးအပ်လှူဒါန်းသော ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာအစုံများကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတို့တွင်ရှိသည့် အမြင်အာရုံချို့တဲ့သူ၊ အကြားအာရုံချို့တဲ့သည့် ကျောင်းသားကျောင်းသူများကို ပေးအပ်ခဲ့ပါကြောင်းနှင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်အတွင်းရှိ လိုအပ်သော ကျောင်းများသို့လည်း ဖြန့်ဝေလှူဒါန်းခဲ့ပါကြောင်း။

ယခုနှစ်တွင် ကူဘိုတာကုမ္ပဏီမှ လှူဒါန်းသောကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာအစုံပေါင်း(၁၆၃၀ဝ) အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနှံ့ရှိ လိုအပ်လျက်ရှိသော ကျောင်းသားကျောင်းသူများအတွက် ဆက်လက် ဖြန့်ဝေပေးအပ် သွားမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ KUBOTA Myanmar ကုမ္ပဏီ၏ Managing Director Mr.Kunitomo Sato က အမှာစကား‌ပြောကြားသည်။

ထို့နောက် ကူဘိုတာကုမ္ပဏီမှ ကျောင်းသားကျောင်းသူများအတွက် ကျောပိုးအိတ်နှင့် စာရေးကိရိယာများ လှူဒါန်းရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လက်ခံရယူပြီးအမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။

ကူဘိုတာကုမ္ပဏီနှင့် ကူဘိုတာအရောင်းကိုယ်စားလှယ်တို့ ပူးပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ကျောင်းနေအရွယ်ကလေးသူငယ်များ အတွက် ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာများ အစုံရေ(၁၆၃၀ဝ) စုစုပေါင်းတန်ဖိုးငွေ သိန်း (၇၅၀) ခန့် လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.