ပညာရေးဝန်ကြီးဌာနနှင့် ILBC တို့ကြီးမှူးကျင်းပသော ဒုတိယအကြိမ်မြောက် ဆရာဆရာမများသင်ကြားသင်ယူမှု အထောက်အကူပြု စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 26 October, 2018

????????????????????????????????????

GIFMaker.org_daGXec

 

နေပြည်တော် အောက်တိုဘာ၂၆

ပညာရေးဝန်ကြီးဌာနနှင့် ILBC တို့ကြီးမှူးကျင်းပသော ဒုတိယအကြိမ်မြောက် ဆရာဆရာမများ သင်ကြားသင်ယူမှု အထောက်အကူပြု စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၆-၁၀-၂၀၁၈ ရက်နေ့ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး တောင်တွင်း ကြီးမြို့ပုဏ္ဏဝတီခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကြည်ညွန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်) ဦးကိုလေးဝင်းနှင့် တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ပညာရေးမှူးနှင့် ခရိုင်မြို့နယ်ပညာရေးမှူးများ၊ILBC မှ ဆရာဆရာမများနှင့် တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်သူ ဆရာဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြ ည်ညွှန့် ၊အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဦးကိုလေးဝင်းတို့က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဆရာဦးငွေတိုးနှင့် ဒေါက်တာအောင်မြင့်ဦးတို့က ဆရာကြီးဦးထွန်းအောင် ရေးသားခဲ့သော “သူငယ်နှင့် သူ၏ပညာသင်ကြားခြင်း” စာအုပ်ကိုပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဆရာဦးသောင်းထွဋ်က လက်ခံရယူသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး ပညာရေးမှူး ဦးအောင်မြင့်က သင်တန်းဖွင့်လှစ်ဆောင်ရွက်နိုင်မှုအတွက် ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သင်ကြားသင်ယူမှု အထောက်အကူပြု စွမ်းရည်မြှင့် သင်တန်း တက်ရောက်လာကြသည့် ဆရာဆရာမများအား ပညာရေးပြုပြင်ပျောင်းလဲမှု ဆောင်ရွက်ရာတွင် သင်ယူမှုသည် အလွန်အရေးကြီးပါကြောင်း တစ်သက် တာသင်ယူသူအဖြစ် ခံယူကျင့်သုံး ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း( learn to test) စာမေးပွဲ စစ်ဆေးရန်အတွက် သင်ယူခြင်းမှ(learn to learn) သင်ယူမှုအတွက် သင်ယူခြင်းသို့ (Surface Learning to Deep learning) အပေါ်ယံလေ့လာသင်ယူမှုမှ လေးနက်စွာလေ့လာသင်ယူမှုသို့ ပျောင်းလဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပညာရေး အရည်အသွေး မြှင့်မားရေးဆောင်ရွက်ရာတွင် ကျောင်းသားကျောင်းသူများ ဆရာဆရာမများ အုပ်ထိန်းသူ မိဘပြည်သူများ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့များ ပုဂ္ဂလိကပညာရေးအဖွဲ့ အစည်းများဘုန်းတော်ကြီးသင် ပညာရေးကျောင်းများစသည့် ပညာရေးမိသားစုများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် အလွန်အရေးကြီးပါကြောင်း၊ ဘဝတစ်သက်တာ သင်ယူနိုင်မှု အခြေခံသည် အသက်ရှစ်နှစ် ဝန်းကျင်းအရွယ် ကလေးငယ်ဘဝတွင် အခြေခံအဖတ် အရေးအတွက်ကျွမ်းကျင်တတ်မြောက်ရေး ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် (Grade-3) တတိယတန်း အရွယ်မှာ အဖတ်၊အရေး၊အတွက် ကျွမ်းကျင်နေအောင် သင်ကြားသင်ယူပေးကြရမည် ဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ယူမှုအခွင့်အလမ်း မြင့်မားရေးအတွက် နှစ်စဉ် ကျောင်းအဆင့် တိုးများကိုတိုးမြှင့်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ကျောင်းထွက်နှုန်း လျော့နည်းရေးကျောင်းနေနှုန်း မြင့်မားရေးများဆောင်ရွက်ခဲ့ရာ ယခုအခါ ကျောင်းသားအရေအတွက် သိသိသာသာတိုးမြှင့်လာသည်ကို မြင်တွေ့နေရပြီဖြစ်ပါကြောင်း အရည်အသွေးရှိသော ပညာရေးစနစ်ကို အရည်အသွေးရှိသော ဆရာဆရာမများနှင့် ပညာရေးမိသားစုများကသာ ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆရာဆရာမများ အရည်အသွေးမြင့်မားရေး ၊သင်ရိုးညွှန်းတမ်း မြှင့်တင်ရေး၊ သင်ကြားသင်ယူမှု ကောင်းမွန်ရေး၊ စာသင်ခန်း အထောက်အကူပြုပစ္စည်း၊ စာကြည့်တိုက်၊အားကစား၊အနုပညာနှင့် ကျောင်းဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းရေး၊ project-based learning အတွက် သင်တန်းပေးဆောင်ရွက်ရေး တို့အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အားသာချက် အားနည်းချက်များရှိပါကြောင်း အားနည်းချက်များကို ပြန်လည်ဆန်းစစ်၍ အားကောင်းလာအောင် ဆောင်ရွက် ကြရန်နှင့် အားသာချက်များကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းစသည်ဖြင့် ပြည်တွင်း ပြည်ပပညာရေး ပြုပြင်ပျောင်းလဲဆောင်ရွက်မှု အခြေအနေများကို“Leapfrog to Implement Education Reform in Myanmar” ခေါင်းစဉ်ဖြင့် ဟောပြောပို့ချသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြား၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

သင်တန်းသို့ တောင်တွင်းကြီးမြို့နယ်ရှိအခြေခံပညာဆရာဆရာမ (၃၆၉)ဦးတက်ရောက်ကြပြီးသင်တန်းကာလကို၂၆၊ ၁၀၊ ၂၀၁၈ ရက်မှ ၃၁-၁၀-၂၀၁၈ ရက်အထိ (၆) ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.