(၄)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ အစည်းအဝေးများကျင်းပ


Date : 2 November, 2018

6

GIFMaker.org_5qOa6G

နေပြည်တော် နိုဝင်ဘာ ၂

(၄)ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများဖြစ်သောတရုတ်၊ ဂျပန်နှင့် ကိုရီးယားပညာရေးဝန်ကြီးများ၏ အစည်းအဝေးကို အရည်အသွေးပြည့်ဝသော ပညာရေးနှင့် ကျွမ်းကျင်မှုအရည်အသွေး လေ့ကျင့်ပျိုးထောင်မှုဖြင့် အရှေ့တောင်အာရှနိုင်ငံများ၏ တစ်သက်တာသင်ယူမှုကို မြှင့်တင်ရန် ဟူသောဆောင်ပုဒ်ဖြင့် ၂၀၁၈ခုနှစ် နိုဝင်ဘာ ၁ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှို Kempinski ဟိုတယ်တွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာ ဒုတိယဝန်ကြီး Mr. Satoshi Ashidate က တွဲဖက်သဘာပတိအဖြစ် ဆောင်ရွက်ပါသည်။

ထို့နောက် အစည်းအဝေးတွင် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်(၃)နိုင်ငံတို့သည် ကျောင်းသားဖလှယ်ရေးဆိုင်ရာ ပညာအရည်အချင်း သတ်မှတ်ချက်များကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး ကျောင်းသားဖလှယ်မှု အစီအစဉ်ကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပညာရေးဆိုင်ရာဖလှယ်မှုများနှင့် အာဆီယံနိုင်ငံများမှ ကျောင်းသားများ အတွက် ပညာသင်ဆုချီးမြှင့်မှုများကို လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံဒေသတွင်း နေထိုင်သူများ အတွက် ငြိမ်းချမ်းရေးနှင့် စည်ပင်ဝပြောရေးအတွက် အဆင့်မြင့်ပညာကဏ္ဍ၊ e-learning သက်မွေးမှုပညာဆိုင်ရာကဏ္ဍ များတွင် ဆက်လက်ပူးပေါင်းမည့် အစီအစဉ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် (၄)ကြိမ်မြောက် အာဆီယံနှင့်အရှေ့အာရှ မိတ်ဖက်နိုင်ငံများဖြစ်သော ဩစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှပညာရေးဝန်ကြီးများ၏ အစည်းအဝေးကို ဆက်လက်ကျင်းပသည်။

ထို့နောက် အာဆီယံအဖွဲ့ဝင်များက ဩစတေးလျနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား အရည်အသွေးအာမခံမှု ရှိစေရန်နှင့် အရှေ့အာရှနိုင်ငံများရှိ နည်းပညာ သက်မွေးပညာရေးနှင့်လေ့ကျင့်ရေး အရည်အသွေး အာမခံမှု မူဘောင်(ASEAN Quality Assurance Framework-AQAF) အကူအညီပေးရေး ကိစ္စများကိုလည်းကောင်း၊ တရုတ်၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့က ဒေသတွင်း နိုင်ငံများတွင် ကျောင်းသားများ လှည့်လည်ပညာသင်ကြားနိုင်ရေး ကိစ္စများကိုလည်းကောင်း၊ အရှေ့အာရှနိုင်ငံများရှိ ကျောင်းသားများအတွက် ပညာသင်ဆုများနှင့် ထောက်ပံ့မှုများ တိုးမြှင့်ပေးအပ်နေမှု အခြေအနေများကိုလည်းကောင်း ကိုရီးယားသမ္မတနိုင်ငံက အားဆီယံနိုင်ငံများနှင့် အရှေ့အာရှနိုင်ငံ များ၏ နည်းပညာနှင့်သက်မွေးပညာကဏ္ဍ ကွန်ယက်တည်ထောင်နိုင်ရန် အကူအညီပေးနေမှု များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် အရှေ့အာရှထိပ်သီး ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (၂၀၁၈-၂၀၂၂) တွင်ပါရှိသော ဖနွမ်ပင်ကြေငြာချက်ကို ဆောင်ရွက်မည့် မနီလာအစီအစဉ်ပါ နယ်ပယ် (၁၄) ခုကို အောင်မြင်အောင် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်။

အရှေ့အာရှနိုင်ငံများတွင် ကျောင်းသားအချင်းချင်း၊ လူငယ်အချင်းချင်းဖလှယ်မှုများကို မြှင့်တင်ပြီး မနီလာပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ဦးစားပေးနယ်ပယ် အစီအစဉ်များကို ရှာဖွေဖော်ထုတ် မြှင့်တင်ကြရန် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အရှေ့အာရှနိုင်ငံများက တက်ရောက်လာကြသော ပညာရေးဝန်ကြီးများနှင့်ကိုယ်စား တက်ရောက်လာကြသော အဆင့်မြင့်အရာရှိကြီးများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။



Bookmark the permalink.

Comments are closed.