၂၀၁၉ ခုနှစ်၊(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 6 November, 2018

????????????????????????????????????

GIFMaker.org_h9sQ8x

နေပြည်တော် နိုဝင်ဘာ၆

၂၀၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီညှိနှိုင်းအစည်း အဝေးကို ၆-၁၁-၂၀၁၈ ရက်နေ့နံနက် ၁၀နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ နိုင်ငံရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်၊ ဝန်ကြီးဌာနအသီးသီးမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးဝင်းမော်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဒေါက်တာသိန်းဝင်း က သဝဏ်လွှာပြုစုရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာ အားညှိနှိုင်းဆွေးနွေး အတည်ပြုကြသည်။ ယင်းနောက် သဝဏ်လွွှာပြုစုရေးဆပ်ကော်မတီ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.