(၁၈)ကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ ပညာရှင်အဖွဲ့ဆုနှင့် အကောင်းဆုံးသုတေသနစာတမ်းရှင်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပ


Date : 9 November, 2018

2

GIFMaker.org_hCviI1

ရန်ကုန် နိုဝင်ဘာ ၉

(၁၈)ကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ ပညာရှင်အဖွဲ့ဆုနှင့် အကောင်းဆုံးသုတေသန စာတမ်းရှင်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ ၌ ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကအမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့အနေဖြင့် ရည်ရွယ်ချက်(၅)ရပ် လုပ်ငန်းတာဝန်(၈)ရပ်ဖြင့် သုတေသနလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာပေးဟောပြောပွဲများ၊ နှီးနှောဖလှယ်ပွဲများကို အခါအားလျော်စွာ ကျင်းပခြင်းများကို ဦးဆောင် ကျင်းပပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ဝိဇ္ဇာနှင့်သိပ္ပံ ပညာရပ်ဆိုင်ရာဂျာနယ်များ စာအုပ်စာတမ်းများ ပြုစုခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းများကိုလည်း တစိုက်မတ်မတ်ဆောင် ရွက်လျက်ရှိပြီး သုတေသန အလေ့အထများ ဖွံ့ဖြိုးရေးအတွက် သုတေသန လမ်းညွှန်စာအုပ်များကို ထုတ်ဝေဖြန့်ချိပေးခဲ့သည်ကို လည်း တွေ့ရှိရပါကြောင်း။

ယခုနှစ်တွင် ပါရဂူကျမ်းပေါင်း(၃၄)စောင်ကို တင်သွင်းခဲ့ကြပြီး အကောင်းဆုံးပါရဂူကျမ်း(၁၁) စောင်ကို ရွေးချယ်ပြီး ကျမ်းပြုပုဂ္ဂိုလ် များအတွက် ဆုများချီးမြှင့်မည်ဖြစ်သည်ကို သိရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ပါရဂူဘွဲ့ရပြီးသူများနှင့် ပါရဂူဘွဲ့မရသေး သည့် ဘွဲ့လွန်သုတေသီများ အတွက် တစ်နှစ်တာကာလအတွင်း သုတေသနလုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်ပြီး ရရှိ လာသည့် သုတေသနရလဒ်များကို ကိုးကားရေးသားသည့် စာတမ်းများတင်သွင်းဖတ်ကြားနိုင်ရန် သုတေသန စာတမ်းဖတ်ပွဲများ ကို နှစ်စဉ်ကျင်းပပေးခဲ့သည်မှာ (၁၈)ကြိမ်မြောက် ဖြစ်ပါကြောင်း၊ ယခု နှစ်တွင် စာတမ်းအပြည့်အစုံတင်သွင်းပြီး ဘာသာရပ်(၂၅)ခုမှ စာတမ်းစုစုပေါင်း(၄၇၇)စောင်ကို ဖတ်ကြား ဆွေးနွေးနိုင်ခဲ့ ပါကြောင်း။

ပါရဂူဘွဲ့ရကျမ်းများ သုတေသနစာတမ်းများကို ဘာသာရပ် နယ်ပယ်စုံ အရေအတွက် တစ်နှစ် ထက်တစ်နှစ်ပိုမိုများပြားလာပြီး ဖတ်ကြားပြီးသည့် အရည်အသွေးမီစာတမ်းများကို International Standard Serial Number(ISSN)ရရှိပြီးဖြစ်သည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံသုတေသနဂျာနယ်တွင် ထည့်သွင်းဖော်ပြပေးလျက် ရှိပါကြောင်း၊ သုတေသနလုပ်ငန်း များကို ဆောင်ရွက်ရာတွင် ဒေသဖွံ့ဖြိုးမှု နှင့် နိုင်ငံ၏ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့် အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ICT ကိုအားပြုသည့် အသုံးချသုတေသန လုပ်ငန်းများဆောင်ရွက်နိုင်ရန် အင်္ဂလိပ်စာအရည်အသွေး များကောင်းမွန်ရန် လိုအပ်ပါကြောင်း တက္ကသိုလ် ကောလိပ်နှင့် ကျောင်း အသီးသီးရှိ သုတေသီများအနေဖြင့် ပိုမိုအားထုတ်လေ့လာ သင်ယူ ဆောင်ရွက်ကြခြင်းဖြင့် အရည်အသွေးပြည့်မီသည့် သုတေသနစာတမ်းများပိုမိုရေးသားနိုင်ရေး အရည်အသွေးရှိသော ဘွဲ့ရလူငယ် မောင်မယ်များ ပြုစုပျိုးထောင်သင်ကြား သင်ယူလေ့ကျင့်ပေးနိုင်ရေးတို့အတွက် ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ သံအမတ်ကြီး(ငြိမ်း)ဒေါက်တာဦးလှမောင်နှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံ ပညာရှင်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသက်လွင်တို့က မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပံ္ပပညာရှင်အဖွဲ့ဆု (၂၀၁၇)ဆု ရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့် ကြသည်။

ထို့နောက် အကောင်းဆုံး သုတေသနစာတမ်းရှင်ဆုရရှိကြသူများအား မြန်မာစာအဖွဲ့ဝင်နှင့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အမှုဆောင်အဖွဲ့ ဂုဏ်ထူးဆောင်နာယက ဆရာကြီး ဒေါက်တာ ဦးသန်းဦးနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပံ္ပပညာရှင်အဖွဲ့ဆု(၂၀၁၇)ဆု ရရှိကြသူများကိုယ်စား ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဘူမိဗေဒဌာန ကထိက ဒေါက်တာကျော်လင်းဇော်နှင့် ၂၀၁၈ ခုနှစ် အတွက် အကောင်းဆုံးသုတေသနစာတမ်းရှင်ဆု ရရှိကြသူများကိုယ်စား ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးသဘောတရားဌာန လက်ထောက်ကထိက ဒေါက်တာနုနုထွေးက ကျေးဇူးတင်စကားပြော ကြားကြသည်။

အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပံ္ပ ပညာရှင်အဖွဲ့ဆု(၂၀၁၇)ဆု ရရှိသူ(၁၁) ဦး နှင့် ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးသုတေသနစာတမ်းရှင်ဆု (၂၃)ဦး ရရှိခဲ့ကြောင်း သိရှိရသည်။



Bookmark the permalink.

Comments are closed.