ကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် လုပ်ငန်းဆိုင်ရာ ကူညီပံ့ပိုးသူ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 14 November, 2018

7

GIFMaker.org_XVqI6h

နေပြည်တော် နိုဝင်ဘာ ၁၄

မြန်မာ့ပညာရေး အရည်အသွေးမြင့်မားရေး လုပ်ငန်းအစီအစဉ် (Myanmar Education Quality improvement Program- My-EQIP)က ကျင်းပပြုလုပ်သည့် ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်များမှ ပညာရေးဆိုင်ရာ အရာရှိများအတွက် ကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် လုပ်ငန်းဆိုင်ရာ ကူညီပံ့ပိုးသူသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(တာ၀န်) ဦးကိုလေးဝင်က ကျောင်းအရည်အသွေး အာမခံမှုစံသတ်မှတ်ချက် အညွှန်းဘောင်လုပ်ငန်းဆိုင်ရာ ကူညီပံ့ပိုးသူသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာ့ပညာရေးအရည်အသွေး မြင့်မားရေးလုပ်ငန်းအစီအစဉ် (Myanmar Education Quality improvement Program- My-EQIP) လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက် အညွှန်းဘောင် ရေးဆွဲခြင်းလုပ်ငန်းစဉ် (School Quality Assurance Standard Framework Development-SQASF)ကို ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်များရှိ အခြေခံပညာကျောင်းပေါင်း (၁၁၄)ကျောင်းတွင် (၂၀၁၈ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ) အတွင်း ရှေ့ပြေးစမ်းသပ်ခြင်း အစီအစဉ်နှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (My-EQIP Program Director) ဒေါ်မူမူအောင်က အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသားသင်တန်းသူပေါင်း (၁၁၄)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၁၄-၁၁-၂၀၁၈ မှ ၁၆-၁၁-၂၀၁၈အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။



Bookmark the permalink.

Comments are closed.