ဂျာမနီနိုင်ငံ ပညာသင်ကျောင်းသားဟောင်းများအဖွဲ့၏ တွေ့ဆုံပွဲနှင့် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကျင်းပ


Date : 17 November, 2018

DSC_2753

GIFMaker.org_mu54wG

ရန်ကုန် နိုဝင်ဘာ ၁၇

ဂျာမနီနိုင်ငံ ပညာသင်ကျောင်းသားဟောင်းများအဖွဲ့၏တွေ့ဆုံပွဲနှင့် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို “ဂေဟစနစ်တန်ဖိုးများ၊ ရေ၊ မြေ၊ စားနပ်ရိက္ခာနှင့်ဇီဝမျိုးစုံမျိုးကွဲ”ခေါင်းစဉ်ဖြင့် ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် ဂျာမနီနိုင်ငံသံအမတ်ကြီး Ms.Dorothee Janetzke-Wenzel၊ Colone တက္ကသိုလ် မှ Prof.Dr.Frauke Kraas၊ DAAD မှ Ms.Petra Kuehl တို့က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်တာဝန်ရှိသူများအား German Alumni Association Myanmar(GAAM) မှ ဥက္ကဋ္ဌ ဒေါက်တာဝင်းမောင်က အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် စာတမ်းဖတ်ပွဲကို သတ်မှတ်ထားသည့် အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ သည်။

အဆိုပါ ဂျာမနီနိုင်ငံ ပညာသင်ကျောင်းသားဟောင်းများအဖွဲ့၏တွေ့ဆုံပွဲနှင့် သုတေသန စာတမ်းဖတ်ပွဲကို နိုဝင်ဘာ(၁၇)ရက်မှ နိုဝင်ဘာ(၁၈)ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.