2nd Leadership and Management Seminar


Date : 19 November, 2018

5

GIFMaker.org_jJY3ed

နေပြည်တော်၊ နိုဝင်ဘာ ၁၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်အရာရှိကြီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ ဆန်းသစ်သော အတွေးအခေါ်နှင့် ခေါင်းဆောင်မှုအရည်အသွေး မြင့်မားရေးတို့အတွက် ရည်ရွယ်ပြီး 2nd Leadership and Management Seminar ကိုယနေ့ နံနက် ၉နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် University College London-Institute of Education မှ ပါမောက္ခ Jonathan Dale နင့် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဒေါ်ဌေးခင်၊ တွဲဖက်ပါမောက္ခ ဒေါက်တာဒေါ်စုစုသွင်တို့က Leadership and Management နှင့် စပ်လျဉ်း၍သင်တန်းပို့ချပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲကို နိုဝင်ဘာလ (၂၀) ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။



Bookmark the permalink.

Comments are closed.