ကမ္ဘာ့ရေအိမ်များနေ့ – ၂၀၁၈ အခမ်းအနားကျင်းပ


Date : 19 November, 2018

9

 

GIFMaker.org_4C0xaX

နေပြည်တော် နိုဝင်ဘာ ၁၉

ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် သန့်စင်မေတ္တာဖောင်ဒေးရှင်းအဖွဲ့တို့ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ရေအိမ်များနေ့-၂၀၁၈ (World Toilet Day-2018)အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ဇနီး ဒေါ်ရင်မေ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားလွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင် မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သံတမန်များ၊ ကုလသမဂ္ဂ ဆိုင်ရာအဖွဲ့အစည်းအများ၊ ဆရာဆရာမများ၊ သန့်စင်မေတ္တာဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ကမ္ဘာ့ရေအိမ်များနေ့-၂၀၁၈ အခမ်းအနားကို အခြေခံပညာ ကျောင်းသားကျောင်းသူများက ဂုဏ်ပြုတေးသီချင်း သီဆိုဖွင့်လှစ် သည်။

ထို့နောက် ကမ္ဘာ့ရေအိမ်များနေ့-၂၀၁၈ ဂုဏ်ပြုတေးသီချင်း Music Video ကိုပြသသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တို့က ကမ္ဘာ့ရေအိမ်များနေ့-၂၀၁၈ အခမ်းအနားနှင့် စပ်လျဉ်း၍ ဂုဏ်ပြုအမှာစကား များပြောကြားကြသည်။

ထို့နောက် သန့်စင်မေတ္တာဖောင်ဒေးရှင်း အဖွဲ့ဂုဏ်ထူးဆောင် နာယကချုပ်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၏ဇနီး ဒေါက်တာရွှေလွှမ်း က ကမ္ဘာ့ရေအိမ်များနေ့-၂၀၁၈ အခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)နှင့် Sky Net မီဒီယာတို့ ပူးပေါင်းရိုက်ကူးတင်ဆက်သည့် ကမ္ဘာ့ရေအိမ်များနေ့-၂၀၁၈ ဇာတ်လမ်းတိုကို ပြသ သည်။

ထို့နောက် သန့်စင်မေတ္တာဖောင်ဒေးရှင်း အဖွဲ့ဂုဏ်ထူးဆောင်နာယကချုပ်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၏ဇနီး ဒေါက်တာရွှေလွှမ်း က ကမ္ဘာ့ရေအိမ်များနေ့-၂၀၁၈ အထိမ်းအမှတ်ပိုစတာပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့ တွင် ပထမဆုရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာ့ရေအိမ်များနေ့-၂၀၁၈ အထိမ်းအမှတ်ပိုစတာပြိုင်ပွဲတွင် အခြေခံ ပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့ တွင် ဒုတိယဆုရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကမ္ဘာ့ရေအိမ်များနေ့-၂၀၁၈ အထိမ်းအမှတ်ပိုစတာပြိုင်ပွဲတွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့တွင် တတိယဆု ရရှိကြသူများကို လည်းကောင်း၊ သန့်စင်မေတ္တာဖောင်ဒေးရှင်း အဖွဲ့ဥက္ကဋ္ဌ ဦးနေအုပ်က ကမ္ဘာ့ရေအိမ် များနေ့-၂၀၁၈ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲ အခြေခံ ပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့တွင် နှစ်သိမ့်ဆုရရှိကြသူများကို လည်းကောင်း၊ သန့်စင်မေတ္တာဖောင်ဒေးရှင်းအဖွဲ့နာယက Mrs. Hisayo Yoshida Chua က ဘက်စုံအထူးကြိုးစား အားထုတ်မှု ဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့် ကြသည်။

ယင်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး Cele Toilet Games အစီအစဉ်ကို တင်ဆက်ပြသသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ဇနီး ဒေါ်ရင်မေ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများအဖွဲ့သည် ကမ္ဘာ့ရေအိမ်များနေ့-၂၀၁၈ အထိမ်းအမှတ်ပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။

ရေအိမ်များသည် လူ့အဖွဲ့အစည်းနှင့် ကမ္ဘာကြီးသာယာလှပရေးအတွက် မည်မျှအရေးပါသည့် ဆိုသည်ကို သိရှိရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းသည့် ရေအိမ်များဖြစ်လာရန် ဆောင်ရွက်နိုင်ရေးတို့အတွက် ကမ္ဘာ့ရေအိမ်များနေ့ကို World Toilet Organization မှ ၂၀၁၁ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် စတင်သတ်မှတ်အကောင်အ ထည်ဖော်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ က နှစ်စဉ် နိုဝင်ဘာ ၁၉ ရက်ကို World Toilet Day ဟု သတ်မှတ်ကြေညာခဲ့ပြီး World Toilet Day အခမ်းအနားများကို နှစ်စဉ်ကျင်းပကြသည်။ World Toilet Day ကျင်းပရခြင်းသည် ၂၀၃၀ ပြည့်နှစ်တွင် လူသားတိုင်းလုံခြုံစိတ်ချရသည့် ရေအိမ် သုံးစွဲနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်း အကောင်အထည်ဖော်ခြင်းသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် နံပါတ်(၆) (Sustainable Development Goals-6) Clean Water and Sanitation ဖြစ်တဲ့ “Ensure availability and sustainable management of water and sanitation for all” အရ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

ကျန်းမာရေးနှင့်ညီညွတ်ပြီးလုံခြုံစိတ်ချရသည့် “ရေအိမ်” ကို အသုံးပြုမည်ဆိုလျှင် ပြည်သူ့ကျန်းမာရေးကို အဆင့်မြှင့်တင်သည့် ပြည်သူလူထု၏ Health Literacy Promotion ကိုမြင့်မားစေမည်ဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေ (၄ ဒသမ ၅) ဘီလီယံသည် လုံခြုံစိတ်ချမှုရှိသည့် “ရေအိမ်” သုံးစွဲမှု မရှိသေးသည်ကို ကမ္ဘာ့ကုလသမဂ္ဂ၏ ဖော်ပြချက်များတွင် ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းအရ “ယင်လုံအိမ်သာ (ရေအိမ်)”အသုံးပြုသည့် အိမ်ထောင်စုဦးရေ (၇၄ ဒသမ ၃)ရာခိုင်နှုန်းရှိပြီး နိုင်ငံ့လူဦးရေ၏ လေးပုံတစ်ပုံခန့်သာ ယင်လုံအိမ်သာ သုံးစွဲ ရန် လိုအပ်နေဆဲဖြစ်ကြောင်း၊ UN Report များအရ ကမ္ဘာတွင်ရှိသည့် ကျောင်းများ၏ သုံးပုံတစ်ပုံသည် Toilet Facilities ပြည့်ဝအောင် မပေးနိုင်သေးကြောင်း။

အခြေခံပညာကျောင်းများတွင် ကျောင်းသား ဦးရေ (၅၀)တွင် ရေအိမ်တစ်လုံး နှုန်းအသုံးပြုလျက် ရှိနေကြကြောင်း၊ ၂၀၁၈-၁၉ ပညာသင်နှစ် စာရင်းအင်း အချက် အလက်အရ အခြေခံပညာကျောင်းများတွင် ရေအိမ်လုံလောက်သည့် ကျောင်းအရေ အတွက်သည် ၆၅ ဒသမ ၄၀ ရာခိုင်နှုန်း၊ သောက်ရေလုံ လောက်သည့် ကျောင်းအရေ အတွက်သည် ၈၃ ဒသမ ၂၂ ရာခိုင်နှုန်းနှင့် သုံးရေလုံလောက်သည့် ကျောင်းအရေ အတွက်သည် ၈၅ ဒသမ ၂၁ ရာခိုင်နှုန်းရှိကြောင်း။

“သန့်စင်မေတ္တာ” အဖွဲ့အစည်းသည် အခြေခံပညာကျောင်းများတွင် ရေနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သန့်ရှင်းရေး၊ တကိုယ်ရေသန့်ရှင်းရေး (Water, Sanitation and Hygiene) နှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးသည့် အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ဖြင့် ပူးပေါင်းဆောင် ရွက်လျှက် ရှိနေကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် School WASH (School Water and Sanitation and Hygiene Promotion) အစီအစဉ်အရ ဆောင်ရွက်နေသော “သန့် ၅ သန့်”လုပ်ငန်းများအရ “ရေသန့်၊ အိမ်သာသန့်၊ အစာသန့်၊ လက်သန့် (တစ်ကိုယ်ရေသန့်) နှင့် ပတ်ဝန်းကျင်သန့်” လုပ်ငန်းများကို ကျောင်းများတွင် ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ် သင်ခန်းစာများနှင့် ချိတ်ဆက်သင်ကြား လေ့ကျင့် ပေးလျက်ရှိကြောင်း။

သန့်ရှင်းရေးလုပ်ခြင်းသည် မိမိကိုယ်တိုင်နှင့်လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို မြှင့်တင်နေထိုင်တတ်ရန်နှင့် မိမိတာဝန်ကို မိမိယူရခြင်းဖြစ်သည်ကို ရှင်းလင်းပေးကြရန် လိုအပ်ကြောင်းနှင့် တာဝန်ခံ၊ တာဝန်ယူတတ်သည့် စိတ်ဓာတ်မျိုးဖြစ်ရန် ငယ်စဉ်ကတည်းက သင်ကြားသင်ယူလေ့ကျင့်ပေးကြ ရမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့ရေအိမ်များနေ့-၂၀၁၈ ဆောင်ပုဒ်မှာ “သဘာဝ တရားလှပဖို့၊ ရေအိမ် ဆောက်လုပ်သုံးကြပါစို့ (WHEN NATURE CALLS, TAKE ACTION) ” ဖြစ်ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.