ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ် ဒုတိယပါမောက္ခချုပ် ပါမောက္ခ(ဌာနမှူး)များ တွေ့ဆုံဆွေးနွေး


Date : 30 December, 2018

DSC_8959

GIFMaker.org_WgWBUi

ရန်ကုန် ဒီဇင်ဘာ ၃၀

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၉နာရီခွဲတွင် ရန်ကုန်မြို့ အနောက်ပိုင်း တက္ကသိုလ် အစည်းအဝေးခန်းမ၌ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးရာတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများက သုံးထပ်စာသင်ဆောင် ဆောက်လုပ်ရေး၊ (၈)ခန်းတွဲ ၂ထပ် ဝန်ထမ်း အိ်မ်ရာ (၄)ခန်းတွဲ (၂)ထပ် အရာထမ်းအိမ်ရာ ဆောက်လုပ်ရေး၊ ဘောလုံးကွင်း ပွဲကြည့်စင်ဆောက်လုပ်ရေး၊ ဆရာ ဆရာမ လိုအပ်ချက် ဖြည့်ဆည်းရေး၊ စာကြည့်တိုက်အသုံးပြုမှုများ၊ သုတေသနစာတမ်းရေးသားမှုများ၊ ဝန်ထမ်းလိုအပ်ချက်များ၊ အဝေးသင် စာပေးစာယူသင်တန်း ဆောင်ရွက်ထားရှိမှုများနှင့် စက်ပစ္စည်းလိုအပ်ချက် များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ရှိ ဆရာ ဆရာမဝန်ထမ်းအင်အား စာရင်း၊ တက်ရောက် လျက်ရှိသည့် ကျောင်းသား ကျောင်းသူ အင်အားစာရင်းများ ပြုစုတင်ပြရန်၊ စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းများ၊ ဘွဲ့ရကျောင်းသား ဦးရေစာရင်းများ ပြုစုတင်ပြရန်၊ တက္ကသိုလ်များတွင် သင်ကြား သင်ယူမှုအရည် အသွေးကောင်းရန်၊ တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်၊ သုတေသန ဂျာနယ်များတွင် သုတေသနစာတမ်းများ ဖတ်ကြားရန်၊ သုတေသန စာတမ်းများအား စာရင်းပြုစုရန်၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ စာကြည့်တိုက်များ ဖြည့်ဆည်း၍ အသုံးပြုမှုများ မှတ်တမ်းထားရှိရန်၊ အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ရန်၊ တက္ကသိုလ်များ၏ ကိုယ်ပိုင် domain နှင့် website များထားရှိရန်၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂနှင့် တက္ကသိုလ် ကောင်စီဖွဲ့စည်းရန် ကိစ္စရပ်များ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ရေတိုရေရှည် စီမံချက်စာရင်းများ ပြုစုတင်ပြရန်၊ လစာအသုံးစရိတ်များနှင့် တည်ဆောက်ရေး အသုံးစရိတ်များနှင့် ခွင့်ပြုဘဏ္ဍာငွေများအား ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိရောက်ပွင့်လင်းမြင်သာစွာ သုံးစွဲရန်နှင့် ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများနှင့် အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်၍ တက္ကသိုလ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေရှင်းတတ်စေရန် ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေး မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် နည်းပညာတက္ကသိုလ်(မှော်ဘီ)သို့ရောက်ရှိကြပြီး စာသင်ဆောင်များအား ကြည့်ရှု ခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.