ရန်ကုန်တက္ကသိုလ် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်


Date : 2 January, 2019

DSC_9543

GIFMaker.org_YF805Q

ရန်ကုန် ဇန်နဝါရီ ၁

ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုပေါင်းအမှိုက်ကောက်ခြင်း ကို ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်-နေပြည်တော် အမြန် လမ်းမကြီး မိုင်တိုင်(ဝ)ပတ်ဝန်းကျင်၌ ပြုလုပ်သည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာ တွင် လမ်းများတွင် အမှိုက်များကို သန့်ရှင်းရေးလုပ်ခြင်းအားဖြင့် မိမိတို့၏ဒေသအကျိုး၊ နိုင်ငံ့အကျိုး အတွက် အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် အားလုံးပူးပေါင်းဆောင် ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ ယခုကဲ့သို့ အမှိုက်များကို ပုံမှန်ကောက်ခြင်းဖြင့် မိမိတို့၏တက္ကသိုလ်များတွင် ပုံမှန်ဆောင်ရွက် သွားပါက အမှိုက်ကင်းစင်ခြင်းဖြင့် ဂုဏ်သိက္ခာ ရှိသော ကျောင်းသား ကျောင်းသူများ၊ ဂုဏ်သိက္ခာရှိသော နိုင်ငံသူ နိုင်ငံသားများအဖြစ် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြ သည့်အတွက် မှတ်တမ်းတင် ဂုဏ်ယူ ပါကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ ဆရာမများ၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့မှ ကျောင်းသား ကျောင်းသူ(၁၅၀)ဦးတို့က အဖွဲ့ (၄)ဖွဲ့ခွဲ၍ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်(ဝ)ပတ်ဝန်းကျင် လမ်းဘေးဝဲယာ တစ်လျှောက် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အမှိုက်ကောက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။



Bookmark the permalink.

Comments are closed.