(၁၀) ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (10th Education &TVET Sector Coordination Group-ETVSCG) အစည်းအဝေးကျင်းပ


Date : 1 February, 2019

DSC_4238(1)

GIFMaker.org_TtgdTF

နေပြည်တော် ဖေဖော်ဝါရီ၁

(၁၀) ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (10th Education& TEVT Sector Coordination Group-ETVSCG) အစည်းအဝေးကို ၁၊ ၂၊ ၂၀၁၉ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ် ၂၁ ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အရည်အသွေးရှိသော ပညာရေးပြုပြင်ပြောင်းလဲမှု ပိုမိုအားကောင်းစေရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း များ၏ ပူးပေါင်းပါဝင်မှုကို တန်ဖိုးထားပြီး ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မူလတန်းအရွယ် ကလေးတိုင်းစာဖတ်တတ်၊ ရေးတတ်၊တွက်တတ်ပြီး မူလတန်းပညာ သင်ယူပြီးမြောက်ရေး ကြိုးပမ်းဆောင်ရွက် နေပါကြောင်း၊ ကျောင်းနေအရွယ် ကလေးများ ပညာသင်ယူမှု အခွင့်အလမ်း ပိုမိုမြင့်မားစေရေးနှင့် ကျောင်းထွက်နှုန်း ပပျောက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အရည်အသွေး ပြည့်ဝသော ပညာရေးစနစ်ကို ဖော်ဆောင်ရာတွင် အရည်အသွေးရှိသော ဆရာဆရာမများ၏ အခန်းကဏ္ဍသည် အဓိက ကျပါကြောင်း၊ သို့ဖြစ်၍ ဆရာဆရာမများအား အရည်အသွေးမြှင့် မွမ်းမံသင်တန်းများကို သင်ကြားပို့ချပေးနေ ပြီဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား လူသားကောင်းများဖြစ်အောင် အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် တတ်အောင်၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်အောင်၊ တီထွင်ကြံဆဖန်တီး တတ်အောင် ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေးနေပါကြောင်း၊ မူလတန်းပညာသင်ယူ ပြီးမြောက်သူတိုင်း အလယ်တန်း၊အထက်တန်းနှင့် မိမိဝါသနာပါရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များ၊ တက္ကသိုလ်ပညာရပ်များ ဆက်လက်သင်ယူတတ်မြောက်နိုင်ရေး၊ လူ့အဖွဲ့အစည်း၊နိုင်ငံနှင့် ကမ္ဘာကြီး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဆောင်ရွက်နိုင်စွမ်းရှိသည့် အခွင့်အလမ်းအတွက် တစ်သက်တာ သင်ယူရေးနှင့် အခြေခံသုတေသနလုပ်ငန်းများတွင် ပါဝင်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေ ပါကြောင်းစသည်ဖြင့် ပညာရေးတိုးတက်မှုအခြေအနေများကို Power point ဖြင့် ပြောကြားသည်။

ထို့နောက် Mr. Tim Vistarini, Counsellor , Australian Embassy က ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းပံ့ပိုး ပေးသွားမည်ဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာန၏ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့များဖြင့် ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းစသည်ဖြင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေး အကြံပြုကြသည်။

အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလူမှုအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.