ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်းအညွှန်းဘောင်နှင့်စပ်လျဉ်း သည့် ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်


Date : 4 February, 2019

DSC_4415

GIFMaker.org_fhVzdH

ရန်ကုန် ဖေဖော်ဝါရီ ၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ ပါမောက္ခချုပ်များကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်နှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။

ဆွေးနွေးပွဲသို့ အမျိုးသား ပညာရေးမူဝါဒကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အခြေခံပညာ အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။



Bookmark the permalink.

Comments are closed.