ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်များတွင် ညှိနှိုင်းဆွေးနွေး


Date : 10 February, 2019

DSC_5028

GIFMaker.org_K9OC5N

ရန်ကုန် ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကိုယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် စပ်လျဉ်းသည့် အချက်အလက်များနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက University Autonomy နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်း အရအသက် ၅ နှစ်အရွယ်ကလေးသည် ၉ သိန်းမှ ၁ သန်း ဝန်းကျင်အထိရှိပြီး မူလတန်းပြီးမြောက်သူသည် ၉ သိန်း ၆ သောင်းမှ ၉ သိန်း ၈ သောင်း ဝန်းကျင်ရှိပါကြောင်း၊ နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူဦးရေသည် ၂၀၁၆ ခုနှစ်တွင် ၆၅၀ဝဝဝ ဦး ဖြေဆိုကြပြီး အောင်မြင်သူဦးရေ ၁ သိန်းကျော်အောင်မြင်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ၇၃၀ဝဝဝ ဦးရေဖြေဆိုပြီး ၂ သိန်းကျော် အောင်မြင်ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ၈၃၀ဝဝဝ ဦးဖြေဆိုပြီး ၂၅၀ဝဝဝ အောင်မြင်ကြောင်း၊ ယခု ၂၀၁၉ ခုနှစ်တွင် ၈၉၀ဝဝဝ ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များ၏ ကျောင်းသားဦးရေ ၇၈၉၆၅၀ ဦးရှိပြီး နေ့သင်တန်းတက္ကသိုလ်များသည် ၂၅၀ဝဝဝ သာလက်ခံနိုင်သဖြင့် အ‌ဝေးသင် ကျောင်းသားဦးရေသည် ၅၃၀ဝဝဝ ဦး ရှိပါကြောင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် တက်နေသည့် ကျောင်းသားဦးရေ ၇၁၈၉၀ ဦးရှိပြီး၊ ပညာရေးကောလိပ်နှင့် ပညာရေးတက္ကသိုလ်များတွင် တက်ရောက်နေသည့် ကျောင်းသားဦးရေသည် ၁၇၄၀၆ ဦးရှိသဖြင့် စုစုပေါင်းတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဦးရေသည် ၈၇၉၀၅၁ ဦးရှိပါကြောင်း။

ထိုဦးရေမှ ဘွဲ့ရအရေအတွက်ကို ကြည့်ပါကနေ့သင်တန်းမှ ဘွဲ့ရဦးရေသည် ၅၅ဝဝဝ ခန့်ရှိပြီး အ‌ဝေးသင် တက္ကသိုလ်များသည် ဘွဲ့ရဦးရေသည် ၆၀ဝဝဝ ခန့်ရှိပါကြောင်း၊ နေ့သင်တန်းတက္ကသိုလ်များ၏ ၂၅၀ဝဝဝ ဦးတွင် ၅၀ဝဝဝ ခန့်သာဘွဲ့ရရှိပြီး၊ ၅၃၀ဝဝဝ ဦးတွင် ၆၀ဝဝဝ ခန့်သာဘွဲ့ရရှိပါကြောင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ဘွဲ့ရရှိသည့်ဦးရေအပါအဝင် တစ်နှစ်တွင် ၁၄၀ဝဝဝ ဝန်းကျင်သာရှိပါကြောင်း၊ ဘွဲ့ရဦးရေ၏ ၈၀%သည် ကျောင်းသူများဖြစ်ပြီး ၂၀%သာ ကျောင်းသားများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျား မ အချိုးသည်လည်း အရေးကြီးပါကြောင်း၊ ဒေသ၏လိုအပ်ချက်နှင့် ကိုက်ညီသော ဘွဲ့ရလူငယ် မောင်မယ်များ မွေးထုတ်ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် နိုင်ငံတကာမှ ပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ ပြင်ပပုဂ္ဂလိကများမှ သိရှိနိုင်ရန်အတွက် မိမိတို့ တက္ကသိုလ်၏ Website များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြီး ဆရာဆရာမများ၏ ဓာတ်ပုံများနှင့် ဌာနအလိုက်၊ Research Group အလိုက် ဖော်ပြပြီး Teaching Experience, Research Publication များထည့်မှသာ သတင်းအချက်အလက်များကို အလွယ်တကူသိရှိနိုင်မည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဘွဲ့ရလူငယ်များအဖြစ် ပြုစုပျိုးထောင်ရာ၌ တစ်သက်တာ သင်ယူလေ့လာနိုင်ရန်အတွက် အင်္ဂလိပ်စာ အရည်အသွေးနှင့် အိုင်စီတီနည်းပညာအသုံးပြု၍ ကျောင်းသား ကျောင်းသူများအား High-tech learning ဖြင့် သင်ကြားနိုင်ရန်အတွက် သုတေသနကိုယ်တိုင် ဆောင်ရွက်ခြင်း၊ စာတမ်းဖတ်ခြင်း၊ သုတေသနဂျာနယ်များတွင် ရေးသားနိုင်စွမ်းရှိရန်၊ သို့မှသာဆရာဆရာမများက စာသင်ခန်းတွင် ကျောင်းသားကျောင်းသူများအား လက်တွေ့နှင့် နီးစပ်သော သင်ရိုးညွှန်းတမ်းများကို ပြုစုသင်ကြားပေးနိုင်မည်ဖြစ်ပြီး Project based learning (high-tech learning, high-touch learning)အသုံးပြုခြင်းဖြင့် Real World Application များနှင့် လိုက်လျောညီထွေဖြစ်ရန်နှင့် အထောက်အကူပြု အသုံးချနိုင်မည်ဖြစ်ကြောင်း။

ထိုမှ Innovation and Creation ကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဆရာ၊ ဆရာမများအနေဖြင့် အင်္ဂလိပ်စာ အရည်အသွေးကောင်းရန်၊ အိုင်စီတီနည်းပညာအသုံးပြုနိုင်ရန်၊ သုတေသနများ ဆောင်ရွက်ရာ၌ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၊ Small and Medium Enterprise များ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် သုတေသနများကို ဆောင်ရွက်နိုင်ရန်အတွက် တက္ကသိုလ်များအလိုက် လိုအပ်ချက် ဖြည့်ဆည်းပေးရန်၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ သင်ယူသူများ Self-Study လုပ်နိုင်ရန် Library facilities များဖြည့်ဆည်းပေးရန်၊ တက္ကသိုလ် world ranking အရ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်သည့် world ranking တွင် YTU သည် ကမ္ဘာ့အဆင့် ၁၈၃၉၀ အာဆီယံအဆင့် ၁၂၄၂ ရှိပြီးယခင်နှစ်ထက် ၁၆၂ ဆင့်တက်လာပြီး မြန်မာနိုင်ငံမှ တက္ကသိုလ်များသည် ကမ္ဘာ့အဆင့် တိုးတက်လာသော်လည်း အာဆီယံတွင် ပြိုင်ဆိုင်မှုပြင်းထန် သည့်အတွက် ကြိုးပမ်းအားထုတ်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ထူးချွန်သောသူများဆရာ၊ ဆရာမဖြစ်လာမှသာ ဆရာထက် ပိုတော်သောသူများကို ပြုစုပျိုးထောင် နိုင်မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ထူးချွန်သော ကျောင်းသားများအနေဖြင့် ဆရာအဖြစ် တာဝန်ထမ်းဆောင်မှသာ အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေ Gender Equality အရ မျှတမည် ဖြစ်ပါကြောင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အရည်အသွေးရှိသော ဘွဲ့ရလူငယ်များကို ဆက်လက်ပြုစု ပျိုးထောင်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာဆရာမများနှင့် ဝန်ထမ်းများက တင်ပြဆွေးနွေးသည့် တက္ကသိုလ် ပဋိညာဉ်စာတမ်းများ ရေးဆွဲရေး၊ နိုင်ငံနှင့်ဒေသ၏ လိုအပ်ချက်များ လိုက်လျောညီထွေရှိသော သင်ကြားရေး အစီအစဉ်များ တိုးချဲ့ဆောင်ရွက်ရေး၊ သုတေသနဆိုင်ရာ ကျင့်ဝတ်စောင့်ထိန်းရေး၊ ရာထူးတိုးပြောင်းနှင့် ဝန်ထမ်းအိမ်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် ရန်ကုန်ပညာရေး တက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။



Bookmark the permalink.

Comments are closed.