ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိ်မ်းကြီး၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ် ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး


Date : 13 March, 2019

Untitled-1(1)

GIFMaker.org_pwEe18
နေပြည်တော် မတ် ၁၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန) ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက် မတ်လ(၁၃)ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၌ အားနည်းချက် များကို အမြန်ဆုံးဖြည့်ဆည်း၍ ကောင်းမွန် အောင်ဆောင်ရွက်ပေးရန်နှင့် အားသာချက်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးကြရန်၊ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးကြရန် မှာကြားသည်။
အလားတူ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန) ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မိတ္ထီလာမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၊ ပျော်ဘွယ်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် ရမည်းသင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှု အားပေးကာ ကြီးကြပ်ရေးမှူး၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် တွေ့ဆုံ၍ လိုက်နာဆောင်ရွက် ကြရမည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်ကြရန်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန် မှာကြားသည်။ ယင်းနောက် မေးခွန်းလွှာ၊ အဖြေလွှာများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။၊
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်တွင်းစာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် ဇီဝဗေဒဘာသာဖြေဆိုရန် (၁၉၆၈၈၈) ဦးစာရင်းပေးသွင်း၍ (၁၉၀၆၀၂)ဦးဖြေဆိုပြီး ဘောဂဗေဒဘာသာဖြေဆိုရန် (၆၉၉၃၉၄)ဦး စာရင်းပေးသွင်း၍ (၆၅၇၄၀၄)ဦး အေးချမ်းစွာဝင်ရောက်ဖြေဆိုကြသည်။
မန္တလေးတိုင်းဒေသကြီးတွင် ဇီဝဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် စုစုပေါင်း (၄၅၄၅၄)ဦးစာရင်းပေးသွင်းကြ၍ (၄၄၂၂၄)ဦး ဝင်ရောက်ဖြေဆိုကြပြီး ဘောဂဗေဒဘာသာရပ်ဖြေဆိုရန် (၇၈၂၀၆) ဦးစာရင်းပေးသွင်း၍ (၇၄၆၇၄)ဦး ဝင်ရောက်ဖြေဆို ကြသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာနများတွင် ဇီဝဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၅၄၅၁) ဦးစာရင်းပေးသွင်းကြပြီး (၅၂၅၀) ဦးဝင်ရောက် ဖြေဆိုကြပြီး ဘောဂဗေဒဘာသာရပ်ဖြေဆိုရန် (၂၀၆၆၉) ဦးစာရင်းပေးသွင်းပြီး (၁၉၅၀၇)ဦး ဝင်ရောက်ဖြေဆို ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.