ပညာရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းတာဝန်များရှင်းလင်းခြင်းအခမ်းအနားကျင်းပ


Date : 15 March, 2019

7

GIFMaker.org_MMxYuX
နေပြည်တော်၊ မတ် ၁၅
ပညာရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) လုပ်ငန်းတာဝန်များ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင်ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ နည်းပညာသင်တန်းအမှတ်စဉ် (၁/၂၀၁၉) အတွေ့အကြုံရှင်းလင်းခြင်းနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းခြင်းကို မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့် ကလည်းကောင်း၊ အဂတိလိုက်စားမှု အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာခြင်းကို ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း ကလည်းကောင်း၊ တိုင်ကြားစာများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူဆောင်ရွက်ခြင်းကို ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင် ကလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခြင်းကို လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါက်တာစိုင်းကျော်နိုင်ဦး ကလည်ကောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက်တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးအကြံပြုကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ကြသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများစုစုပေါင်း (၁၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.