ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းရှိ လူရည်ချွန်လူငယ်များအား တွေ့ဆုံအားပေးစကားပြောကြား


Date : 30 April, 2019

DSC_4862

GIFMaker.org_3zc4NS
ညောင်ရွှေ ဧပြီ ၃၀
၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း၌ ဧပြီ ၃၀ ရက်က ၁၉၆၇ လူရည်ချွန်ဟောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဇနီးတို့ ပါဝင်သော လူရည်ချွန်ကြီးများနှင့် လူရည်ချွန် လူငယ်မောင်မယ်များ တွေ့ဆုံပွဲနှင့် ပညာရေးဆိုင်ရာ ဟောပြောပွဲများ ကျင်းပသည်။ ယနေ့နံနက်ပိုင်းက အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း၌ ပညာရေးဆိုင်ရာ ဟောပြောပွဲ ကျင်းပရာ ညောင်ရွှေမြို့နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဦးစီးအရာရှိ ဦဇော်မင်းလေးတို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပက်ထရစ်ဗျူးက လှေကားထစ်စိုက်ပျိုးနည်း၊ မြေဆီလွှာနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးနည်းများကို လည်းကောင်း ဟောပြောဆွေးနွေးကြပြီး လူရည်ချွန် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များ မေးမြန်းမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ကြသည်။
ထို့နောက် လူရည်ချွန်လူငယ် မောင်မယ်များသည် အထွေထွေဗဟုသုတဆိုင်ရာ ဉာဏ်စမ်းပဟေဠိများကို မေးမြန်းဖြေကြားကြသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့်ဇနီး ၁၉၆၇၊ ၁၉၆၈၊ ၁၉၇၀ သုံးထပ်ကွမ်းလူရည်ချွန်ဟောင်း ဒေါက်တာ ဒေါ်ခင်သန်းအေးတို့ ပါဝင်သော ၁၉၆၄ – ၈၈ လူရည်ချွန်ကြီးများက လူရည်ချွန်လူငယ် မောင်မယ်များအား တွေ့ဆုံ၍ မိတ်ဆက်အားပေး စကားပြောကြားကြကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ၁၉၆၄ – ၈၈ လူရည်ချွန်ကြီးများက လူရည်ချွန်တေးသီချင်းများ သင်ကြားပေးပြီးနောက် ဉာဏ်စမ်းပဟေဠိများ မေးမြန်းဖြေကြားကြကာ ဆုရရှိသူ လူရည်ချွန်လူငယ်များအား ပြည်ထောင်စုဝန်ကြီးနှင့် လူရည်ချွန်ကြီးများက ဆုများပေးအပ် ချီးမြှင့်ကြသည်။ ညနေပိုင်းတွင် မေ ၁ ရက် နံနက်ပိုင်းတွင်ကျင်းပမည့် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားအတွက် အစမ်းလေ့ကျင့်ကြသည်။ မေ ၂ ရက်တွင် လူရည်ချွန်များသည် အင်းလေးကန်အတွင်း ရှိစိုက်ပျိုးရေး လုပ်ငန်းများ၊ တိုင်းရင်းသားရိုးရာ လက်မှုလုပ်ငန်းများ လေ့လာခြင်း၊ ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ရွှေဗောဓိမြို့ဦးစေတီဖူးမြော်လေ့လာခြင်း၊ ညောင်ရွှေဟော်နှင့် ညောင်ရွှေ စံပြစိုက်ခင်းများ လေ့လာခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။



Bookmark the permalink.

Comments are closed.