ပြည်ထောင်စုဝန်ကြီးများ အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲတက်ရောက်ဖွင့်လှစ်


Date : 1 May, 2019

DSC_5432

GIFMaker.org_QBzxYP
ညောင်ရွှေ မေ ၁
၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားကို ခေါင်တိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးဟန်ဇော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော်ဥက္ကဌ၊ လွှတ်တော်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်သည်။
အခမ်းအနားတွင် ၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်မော်ထွန်း၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းနှင့် အင်းလေးခေါင်တိုင် လူရည်ချွန် အပန်းဖြေစခန်းမှူး ညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးဟန်ဇော်နှင့် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က ၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းအား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အစိုးရသစ်လက်ထက် လူရည်ချွန် စခန်းဖွင့်လှစ်ခဲ့သည်မှာ လေးကြိမ်ရှိပြီ ဖြစ်ကြောင်း၊ လေ့လာရေးခရီးစဉ်တွင် ဒေသခံပြည်သူများ၏ ဘဝ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် လက်မှုအနုပညာရပ်များကို ထဲထဲဝင်ဝင်သိရှိအောင် လေ့လာကြပြီး ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ မတူညီသော ယဉ်ကျေးမှုဓလေ့ထုံးစံများကို အချင်းချင်းဖလှယ်ရယူပြီး တစ်ဦးအပေါ်တစ်ဦး နားလည်နိုင်ကာ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်လာစေရန်၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်းချင် ခင်ရင်းနှီးမှုများ ပိုမိုရရှိကြစေရန် အထူးမျှော်လင့် မိပါကြောင်း ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန်ကျောင်းသားများ ကိုယ်စား ကျောင်းသားတစ်ဦးအား ရင်ထိုးတံဆိပ် တပ်ဆင်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးများက အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းရှိ လူရည်ချွန်လူငယ်မောင်မယ်များအား ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများအား အင်းလေးခေါင်တိုင်လူရည်ချွန် စခန်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင် ပစ္စည်းများကို လူရည်ချွန်စခန်းမှူး ညွှန်ကြားရေးမှူး ဦးဝင်းမောင်နှင့် ၁၉၆၄ – ၈၈ လူရည်ချွန်ကြီးများ ကပေးအပ်ခဲ့ကြကြောင်း သိရသည်။ ဖွင့်ပွဲအပြီးတွင် လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် လူရည်ချွန်စခန်း ဖွင့်ပွဲအထိမ်းအမှတ် ပြသထားသောဌာနဆိုင်ရာ ပြခန်းများအား ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် လူရည်ချွန် ကျောင်းသားကျောင်းသူများ အချင်းချင်း ဒေသန္တရဗဟုသုတများ ဆွေးနွေး ဖလှယ်ခြင်းတို့ ဆောင်ရွက်ကြပြီးမေ ၂ ရက်နံနက်တွင် နာမည်ကျော် အင်းလေးကန်အတွင်း လှည့်လည် လေ့လာကြမည် ဖြစ်ကြောင်းသိရသည်။



Bookmark the permalink.

Comments are closed.