ပုပ္ပားတောင်ကလပ်၊ ပုပ္ပားတောင်ဥယျာဉ်နှင့် Poppa Mountain Resort သို့ အဋ္ဌမတန်းလူရည်ချွန်ကျောင်းသား ကျောင်းသူများ သွားရောက်လေ့လာ


Date : 2 May, 2019

????????????????????????????????????

GIFMaker.org_8ctzVU

ကျောက်ပန်းတောင်း မေ ၂
ပုဂံလူရည်ချွန်စခန်း၌ ရောက်ရှိနေသည့် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ပုပ္ပားတောင်ကလပ် ဖူးမြော်ခြင်း၊ ပုပ္ပားတောင်ဥယျာဉ်နှင့် ပရဆေးစိုက်ခင်းအား ကြည့်ရှုလေ့လာခြင်းနှင့် Poppa Mountain Resort သို့ သွားရောက်လေ့လာကြသည်။
ရှေးဦးစွာ ပုဂံလူရည်ချွန်စခန်းမှူး မန္တလေးတိုင်းပညာရေးမှူးရုံး ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါ်သန်းမြင့်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ကြီးကြပ် ဆရာ ဆရာမ ၁၈ ဦးနှင့် အတူ အဋ္ဌမတန်းကျောင်းသား ကျောင်းသူ ၁၇၈ ဦးသည် ယနေ့နံနက်ပိုင်းတွင် ပုဂံလူရည်ချွန်စခန်းမှ ကျောက်ပန်းတောင်းမြို့ရှိ ပုပ္ပားတောင်ကလပ်သို့ရောက်ရှိပြီး ပုပ္ပားတောင်ကလပ်ရှိ ဘုရားများအား လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် ပုဂံလူရည်ချွန်အဖွဲ့သည် ပုပ္ပားတောင်ဥယျာဉ်ရှိ ပညာပေးပြခန်းအတွင်း ပြသထားသည့် ဥယျာဉ်အတွင်း တွေ့ရှိနိုင်သည့် နို့တိုက်သတ္တဝါများ၊ တောရိုင်းတိရစ္ဆာန်များ၊ ရေနေသတ္တဝါများ၊ ဆေးဖက်ဝင်အပင်များ၊ သစ်ခွမျိုးများ၊ လိပ်ပြာမျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ မျိုးသုဉ်းပျောက်ကွယ်လုနီးရှိနေသည့် မီးတောင်ချိုင့်ဝှမ်းတွင်နေထိုင်ရှိသည့် မျောက်မျက်ကွင်းဖြူစသည့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထားရှိသည့် ပရဆေးစိုက်ခင်းအတွင်း ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် ပုပ္ပားတောင်ဥယျာဉ် စုဝေးခန်းမ၌ အဋ္ဌမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူများအား တောအုပ်ကြီး ဒေါ်ခင်မျိုးထွေးက ပုပ္ပားတောင်ဘေးမဲ့ တောဥယျာဉ်၏ နောက်ခံသမိုင်းအကြောင်း၊ ရည်ရွယ်ချက်များ၊ မြေမျက်နှာသွင်ပြင်၊ တောအမျိုးအစား၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ၊ သုတေသနပြုလုပ်နေသည့် အခြေအနေများ၊ လေ့လာကြည့်ရှု အပန်းဖြေနိုင်သော အခွင့်အလမ်းများ အကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် Poppa Mountain Resort သို့ ရောက်ရှိရာ Poppa Mountain Resort အတွင်း လေ့လာကြည့်ရှုကြခြင်းနှင့် ပုပ္ပားတောင်ကလပ်နောက်ခံထား၍ မှတ်တမ်းဓာတ်ပုံများ ရိုက်ကြပြီး မွန်းလွဲပိုင်းတွင် ပုဂံလူရည်ချွန်စခန်း ပြန်လည်ရောက်ရှိ ကြသည်။



Bookmark the permalink.

Comments are closed.