အင်းလေးခေါင်တိုင်စခန်းမှ နဝမတန်းလူရည်ချွန်များပင်းတယနှင့် တောင်ကြီးမြို့နယ်တို့ရှိ အထင်ကရနေရာများအားလေ့လာ


Date : 3 May, 2019

DSC_7951

GIFMaker.org_AgDh5S

တောင်ကြီးမေ ၃
၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသားကျောင်းသူများသည် ယနေ့ နံနက်ပိုင်းကဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ရိုးရာယဉ်ကျေးမှု၊ လက်မှုလုပ်ငန်းများ၊ အထင်ကရနေရာများနှင့် တောင်ကြီးမြို့နယ် အေးသာယာ စက်မှုဇုန်အတွင်း လေ့လာကြသည်။
လူရည်ချွန် ကျောင်းသားကျောင်းသူများသည် ယနေ့နံနက် ၇ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်း ရှိအဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တတေဇနိယ (ကုံလုံဆရာတော်ဘုရားကြီး) လွမ်းစေတီ စဉ့်စံကျောင်းတော်ကို သွားရောက်ဖူးမြော် လေ့လာကြသည်။ အဆိုပါ စဉ့်စံကျောင်းတော်ကို ၂၀ဝ၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့က ပန္နက်တော်တင်၍ စတင်ဆောက်လုပ်ခဲ့ကာ ၂၀ဝ၅ ခုနှစ်စက်တင်ဘာလ ၁၇ ရက်တွင် ပြီးစီးခဲ့သည်။ ကုံလုံဆရာတော် ဘုရားကြီးသည် သက်တော်(၉၆နှစ်)၊ ဝါတော် ၇၆ ဝါ အရ ၂၀ဝ၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ပျံလွန်တော်မူခဲ့ပြီးအဆိုပါ လွမ်းစေတီ စဉ့်စံကျောင်းတော်ကြီးတွင် ကုံလုံဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို ပူဇော်ထားရှိသည်။
ထို့နောက် လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ပင်းတယမြို့နယ်၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ရွှေဥမင်လိုဏ်ဂူတော်သို့ သွားရောက်ဖူးမြော် လေ့လာကြပြီး ပုန်းတလုတ်ရေကန်အနီးတွင် နေ့လယ်စာစားသုံး ကြသည်။ ထို့နောက် ပင်းတယမြို့နယ်အတွင်းရှိ ရိုးရာထီးလုပ်ငန်းနှင့် လက်မှုလုပ်ငန်းများကို သွားရောက် လေ့လာကြသည်။ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာ စက်မှုဇုန်ရှိစိန်ငွေမြ ပြောင်းအခြောက်ခံစက်ရုံသို့ သွားရောက်လေ့လာကြသည်။ တောင်ကြီး(အေးသာယာ) စက်မှုဇုန်သည် တောင်ကြီးမြို့၏ အနောက် တောင်ဘက် အေးသာယာမြို့နှင့် ညောင်ရွှေမြို့နယ်သွားကားလမ်းမကြီးဘေးတွင် တည်ရှိသည်။ ၁၉၉၉ ခုနှစ် ဇွန်လတွင် မြေဧရိယာ အကျယ်အဝန်း ၉၀၂ ဧကပေါ်တွင် စတင်တည်ထောင်ခဲ့ပြီးမူလစက်မှုဇုန် ၄၀၅ ဧက နှင့် တိုးချဲ့စက်မှုဇုန် ၄၉၇ ဧကပေါ်တွင် တည်ထောင်ထားခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်ဧပြီလကုန်အထိမှတ်ပုံတင်ထားပြီးဖြစ်သော ကြီး၊ ငယ်၊ လတ် စက်မှုလုပ်ငန်းအမျိုးအစားပေါင်း ၅၀ဝ ရှိကြောင်းသိရသည်။
အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှ လူရည်ချွန်များသည် ယနေ့ ညနေပိုင်းတွင် တောင်ကြီးမြို့ အထက(၁)တွင် ညအိပ်ရပ်နားကြပြီး နောက်တစ်နေ့ နံနက်တွင် ပအိုဝ်းရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ၊ ရှေးဟောင်း အမွေအနှစ်များကို သွားရောက် လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.