၂၀၁၉ ခုနှစ် ပုဂံလူရည်ချွန်စခန်း ဂုဏ်ပြုညစာစားပွဲကျင်းပ


Date : 4 May, 2019

1

GIFMaker.org_Nwjg4C

ပုဂံ မေ ၄
၂၀၁၉ ခုနှစ် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနားကို ယနေ့ ညပိုင်းက မြနန်းဘုံဟိုတယ်၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့အား ပုဂံလူရည်ချွန်စခန်းမှူး၊ လူရည်ချွန်ကြီးများနှင့် မြနန်းဘုံဟိုတယ်မိသားစုတို့က အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် ပုဂံလူရည်ချွန်စခန်းမှူးအား မြနန်းဘုံဟိုတယ်မိသားစုတို့က အမှတ် တရလက်ဆောင် ပေးအပ်ပြီး အဋ္ဌမတန်း ကျောင်းသား ကျောင်းသူများအား ပုဂံလူရည် ချွန်စခန်းမှ ကြီးကြပ်ဆရာ ဆရာများက အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် ၂၀၁၉ ခုနှစ် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသားကျောင်းသူများအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး လူရည်ချွန်မောင်မယ်များနှင့် မြင့်တေးဂီတအဖွဲ့က ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။



Bookmark the permalink.

Comments are closed.