အခြေခံပညာအဆင့်် အမျိုးသားပညာရည်စစ်ဆေး အကဲဖြတ်ခြင်းမူဝါဒ(မူကြမ်း) ဆွေးနွေးပွဲနှင့် အခြေခံပညာ အထက်တန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ


Date : 23 May, 2019

????????????????????????????????????

GIFMaker.org_4sDBkg

နေပြည်တော်၊ မေ ၂၃
အခြေခံပညာအဆင့်် အမျိုးသားပညာရည်စစ်ဆေး အကဲဖြတ်ခြင်းမူဝါဒ(မူကြမ်း) ဆွေးနွေးပွဲနှင့် အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၃၊ ၅၊ ၂၀၁၉ ရက်နေ့ နံနက်(၈း၃၀) နာရီတွင် နေပြည်တော် ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး ပညာရေးမှူးများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများမှ ကိုယ်စားလှယ်များ၊ ဆရာများ အဖွဲ့ချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေး ပြုပြင်ပြောင်းလဲဆောင်ရွက်ရာ၌ (KG+12) သူငယ်တန်း+တစ်ဆယ့်နှစ်တန်း ပညာရေး စနစ်ကို အရှိန်အဟုန်ဖြင့် ပြောင်းလဲဆောင်ရွက် နေပါကြောင်း၊
ပညာရေးသည် နိုင်ငံ၏ လူသားအရင်းမြစ်များကို သင်ကြားသင်ယူလေ့ကျင့်မွေးထုတ်ပေးနေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ၏ကုန်ထုတ် စွမ်းအားများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက စိန်ခေါ်မှုသည် ကျွမ်းကျင်လုပ်သားများ အားနည်းခြင်းဖြစ်ပြီး ကျွမ်းကျင်လုပ်သားများ ရရှိအောင် ပြုစုပျိုးထောင်ရာတွင် နိုင်ငံသားတိုင်း အခြေခံပညာအထက်တန်းအဆင့် သင်ယူပြီးမြောက်ရန် လိုအပ်ပါကြောင်း၊
ဆက်လက်ပြီး ကျွမ်းကျင်လုပ်သားများကို Professional များဖြစ်အောင် တစ်သက်တာသင်ယူမှု အစီအစဉ်ဖြင့် ပညာရေးအခွင့်အလမ်း များ ပေးနိုင်မှသာ လူ့စွမ်းအားအရင်းအမြစ်များကို သင်ကြားသင်ယူလေ့ကျင့် မွေးထုတ် ပေးနိုင်မှာဖြစ်ပါကြောင်း၊
သင်ကြားသင်ယူလေ့ကျင့်ပေးရာတွင် တစ်ဦးနှင့်တစ်ဦး အရည်အချင်းရှိမှု၊ စွမ်းရည်ရှိမှု၊ သင်ယူတတ်မြောက်မှုများ မတူညီပါကြောင်း၊ ထိုမတူ ညီမှုများကြောင့် ပညာရေးစစ်ဆေး အကဲဖြတ်ခြင်းမူဝါဒသည် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့ ကျောင်းသား ကျောင်းသူများအား အတူပူးပေါင်းပြီးအစုအဖွဲ့လိုက် ဆောင်ရွက် ရာတွင် တော်စေချင်ပါကြောင်း၊
ကိုယ့်နိုင်ငံ၏ လူမှုအသိုင်းအဝိုင်းပျော်ရွင်ရန်၊ တိုးတက်ရန် လုပ်ဆောင်ပေးနိုင်သည့် ကလေးများ လေ့ကျင့်မွေးထုတ် ပေးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အစည်းအဝေးကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်း မူဝါဒရေးဆွဲရခြင်း၏ အကြောင်းရင်းများကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ADB မှ Consultant ဒေါက်တာမြင့်မြင့်စန်းက အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်း မူဝါဒ(မူကြမ်း)ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဆွေးနွေးလိုသည့်မေးခွန်းများ၊ အချက်အလက်များကို အုပ်စုလိုက် ဆွေးနွေးခြင်း၊ ပြန်လည်ညှိနှိုင်း ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကာ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။
အစည်းအဝေးအား ၂၃၊ ၅၊ ၂၀၁၉ ရက်နေ့မှ ၂၄၊ ၅၊ ၂၀၁၉ ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.