
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူနေပြည်တော်၊ ရုံးအမှတ်(၅၂)ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ထုတ်ပေးနေမှုများကို သွားရောက် လှည့်လည်ကြည့်ရှု၍ ဝန်ထမ်းများနှင့် အမှတ်စာရင်း ထုတ်ယူသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။ ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို ဇွန်လ(၁၀)ရက်နေ့မှ စတင်ကာ နေပြည်တော်၊ ရုံးအမှတ်(၅၂)ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင်လည်းကောင်း၊ ရန်ကုန်မြို့ အမှတ်(၁၂)ရပ်ကွက်၊ လှိုင်မြို့နယ် အခြေခံပညာ ကျောင်းသုံးစာအုပ် သိုလှောင်ရုံဝင်းအတွင်းရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့တွင် လည်းကောင်း တစ်ပြိုင်နက်တည်း စတင်ထုတ်ဝေပေးလျက်ရှိသည်။ တက္ကသိုလ်ဝင် စာမေးပွဲအမှတ်စာရင်း ထုတ်ယူရာတွင် အဆင်ပြေ လွယ်ကူချောမွေ့စေရေးအတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ အမှတ်စာရင်းထုတ်ပေးရေး mobile အဖွဲ့များသည် မန္တလေးမြို့ အထက(၁၄)၊ ရမည်းသင်းမြို့ အထက(၁)၊ တောင်ငူမြို့ အထက(၁)၊ ပဲခူးမြို့ အထက(၁)၊ သာယာဝတီမြို့ အထက(၁)၊ ပုသိမ်မြို့ အထက(၁)၊ ဟင်္သတမြို့ အထက(၁) ကျောင်းများတွင် တစ်ပြိုင်နက်တည်း ထုတ်ဝေပေးလျက်ရှိပြီး ထိုမှတဆင့် ပြည်နယ်နှင့်တိုင်းအသီးသီးသို့ ဆက်လက်ထွက်ခွာ၍ အမှတ်စာရင်းများကို တစ်စောင်လျင် (၄၀ဝ)ကျပ်နှုန်းဖြင့် ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။