စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်နှင့်ပညာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးတို့ မူပိုင်ခွင့်ဌာနအားလွှဲပြောင်းဖွဲ့စည်းမည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်


Date : 6 June, 2019

DSC05290

GIFMaker.org_huyHVV
နေပြည်တော် ဇွန်၆
ပညာရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဌာနအားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းဖွဲ့စည်းမည့် ညှိနှိ်ုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက် နံနက် ၁၀ နာရီတွင် စည်းပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသို့ လွှဲပြောင်းရောက်ရှိလာမည့် မူပိုင်ခွင့်ဌာနတာဝန်ရှိသူများအား နွေးထွေးစွာကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့် အသစ်ရောက်ရှိ လာမည့် မူပိုင်ခွင့်ဌာနနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးရန်နှင့် အဆင်ပြေချောမွေ့စွာလွှဲပြောင်း နိုင်ရေးအတွက် နှစ်ဖက်ဝန်ကြီးဌာနအချင်းချင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ မူပိုင်ခွင့်ဌာနအား အဆင်ပြေစွာလွှဲပြောင်း/လက်ခံပေးနိုင်ရေးအတွက် လွှဲပြောင်းမှုကာလအတွင်း လိုအပ်ချက်များကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြောကြားရာတွင် မူပိုင်ခွင့်ဦးစီးဌာနအား အမြန်ဆုံး လွှဲပြောင်းဖွဲ့စည့်နိုင်ရေးအတွက် အချိန်ဇယားသတ်မှတ် ဆောင်ရွက်ရန် လိုပါကြောင်း၊ လုပ်ငန်းများ စတင်ဆောင်ရွက် နိ်ုင်ရေးအတွက် လုပ်ငန်းအစီအမံများ ရေးဆွဲထားရန် လိုပါကြောင်း၊ လိုအပ်သော နည်းပညာ အထောက်အပံ့များ ရရှိရေးအတွက် ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများကလည်း ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ မူပိုင်ခွင့်ဌာနအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းဖွဲ့စည်းရာတွင် အဆင်ပြေချောမွေ့စွာ လွှဲပြောင်း နိုင်ရေးအတွက် ဝန်ကြီးဌာနများမှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ဖွဲ့စည့်ပုံပြင်ဆင် ရေးဆွဲရေးဆိုင်ရာများ၊ မူပိုင်ခွင့် ဦးစီးဌာနရုံး ဖွင့်လှစ်မည့် အခြေအနေနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ အသစ်ထွက်ပေါ်လာမည့် ဌာနသစ် ဖွဲ့စည်းရာတွင် လိုအပ်လာမည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြ သည်။
အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.