အခြေခံပညာ သင်ရိုးညွှန်းတမ်းညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 16 June, 2019

DSC_0716

GIFMaker.org_olu0VC
ရန်ကုန် ဇွန် ၁၆
အခြေခံပညာ သင်ရိုးညွှန်းတမ်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခ ချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဉီးစွာ သိပ္ပံနှင့် ဝိဇ္ဇာဘာသာရပ်အဖွဲ့ခေါင်းဆောင်များက သင်ရိုးသစ် Grade-7 နှင့် Grade-10 တို့ အတွက် ကျောင်းသုံးဖတ်စာအုပ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီ ဉက္ကဋ္ဌများက သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများက လိုအပ်ချက် အခက်အခဲများနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြ သည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆွေးနွေးပြောကြားရာတွင် ယခုကဲ့သို့ အားသွန်ခွန်စိုက် သင်ရိုးညွှန်းတမ်းများရေးဆွဲ ဆောင်ရွက်မှုများအပေါ်တွင် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုနှစ်သည် (၄)နှစ်မြောက် ဖြစ်သည့်အတွက် ရှေ့ကကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများပေါ်တွင် မူတည်ပြီး အားသာချက်များကို ပိုမိုအားကောင်းစေရေးနှင့် အားနည်းချက်များကို စိစစ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းများ ကိုပြန်ကြည့်ပါက အရိုးစွဲနေသည့် အလွတ်ကျက်မှတ်မှုစနစ်မှ စဉ်းစားတွေးခေါ်မှုကိုအားပေးသည့် မေးခွန်းများအဖြစ် စီစဉ် ဆောင်ရွက်သည့်အခါတွင် ဆရာကြီး ဆရာမကြီးများ၏ ဝိုင်းဝန်းပူးပေါင်းကူညီပံ့ပိုး ဆောင်ရွက်ပေးမှုများကို ကျေနပ်အားရ ဖြစ်မိပါကြောင်း။
Grade-1, Grade-2 ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာကိုင်စာအုပ်များ ပံ့ပိုးပေးမှုကိုကြည့်ပါက အောင်မြင်မှုရှိသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ကျောင်းများကို သွားရောက်ကြည့်ရှုပါက သင်ရိုးညွှန်းတမ်းများ၏ အရည်အသွေးကောင်းမွန်မှုနှင့် လိုအပ်ချက်များကို အဘက်ဘက်မှ စဉ်းစားပြုစုထားသည့်အတွက် ကျောင်းသား ကျောင်းသူများသည် သင်ယူလိုစိတ် ပိုမိုရှိလာ ကြသည် တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ Grade-3 နှင့် Grade-6 သင်ရိုးညွှန်းတမ်းများကို ဆောင်ရွက်ရာတွင် (၃)နှစ်အတွေ့ အကြုံများပေါ်မူတည်ပြီး အကောင်းဆုံးစီစဉ် ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ ထို့ပြင် (၂၁)ရာစုဖြစ်သည့် ယနေ့ခေတ်တွင် ယှဉ်ပြိုင်မှု ပြင်းထန်သဖြင့် အင်္ဂလိပ် ဘာသာစကားတစ်ခုတည်းဖြင့် လုံလောက်မှု မရှိသည့်အတွက် အခြားဒေသတွင်း ဘာသာစကား များကိုလည်း တတ်မြောက်မှုရှိရန် အရေးကြီးပါကြောင်း၊ သို့ဖြစ်၍ စာမေးပွဲဖြေဆိုရန်အတွက် သင်ယူခြင်း၊ စာမေးပွဲရမှတ် များများရရှိရန်အလွတ် ကျက်မှတ်သင်ယူခြင်းမဟုတ်ဘဲ တစ်သက်တာပတ်လုံး သင်ယူပြီးရင်းသင်ယူတတ် စေရန်အတွက် အလွတ်ကျက် ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် နက်နက်နဲနဲသင်ယူသော ပညာရေးစနစ်သို့ ပြောင်းလဲလျက် ရှိပါကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် အဓိကလိုအပ်သည့် သင်တန်းများပေးရန် အရေးကြီးပြီး ဌာနအချင်းချင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့်လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များ၊ ကွန်ပျူတာ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးဖြည့်ဆည်း ပေးမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခုရေးဆွဲဆောင်ရွက်လျက် ရှိသည့် Grade-7 နှင့် Grade-10 သင်ရိုးညွှန်းတမ်း ဖတ်စာအုပ်များ အချိန်မီပြီးစီးရေးသည်လည်း အရေးကြီးပါ ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.