ဖိလစ်ပိုင်နိုင်ငံ (၁၂၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနား ကျင်းပ


Date : 14 June, 2019

ph2

GIFMaker.org_2QKKM5

ရန်ကုန် ဇွန် ၁၄
ဖိလစ်ပိုင်နိုင်ငံ၏ (၁၂၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ဖိလစ်ပိုင်နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီးMr.Eduardo Eco Kapunan, Jr. နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က နှုတ်ခွန်းဆက်စကားပြောကြားကြပြီး ဖိလစ်ပိုင်နိုင်ငံ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကိတ်ကို လှီးဖြတ်ပေးကြသည်။
ယင်းနောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဦးသောင်းထွန်း၊ မြန်မာနိုင်ငံ၌ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော ဖိလစ်ပိုင် လေတပ် ဦးစီးချုပ် Lt. Gen. Rozzano D Briguez AFP နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဦးရဲမြင့်ဆွေ၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။



Bookmark the permalink.

Comments are closed.