Backgroud History

office_front-1024x464

 

နောက်ခံသမိုင်းအကျဉ်း

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဆိုင်ရာပညာရှင်များ မွေးထုတ်ပေးနိုင်ရန်၊ အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ရန်နှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် သိပ္ပံနှင့် နည်းပညာ၀န်ကြီးဌာနအား ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၃၀/၉၆) ဖြင့် ၀န်ကြီးဌာနအသစ်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ၊ စံချိန် စံညွှန်းသတ်မှတ်ရေးကိစ္စရပ်များ၊ အရည်အသွေးထိန်းသိမ်းရေး အခြေခံအဆောက်အအုံဆိုင်ရာ ကိစ္စရပ်များ၊ နျူကလီးယားဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာကိစ္စရပ်များ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

     ၂၀၁၆ ခုနှစ် ဧပြီ လ မှစ၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ဦးစီးဌာန(၅)ခု အား ပညာရေးဝန်ကြီးဌာန အတွင်းသို့ထည့်သွင်း ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူ့သားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ကျေးလက်ဒေသဖွံဖြိုးရေး လုပ်ငန်းများကို အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့်နည်းပညာ) မှ အောက်ဖော်ပြပါ ကဏ္ဍ(၄)ခုအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်-

(က) သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ။
(ခ) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုကဏ္ဍ။
(ဂ) နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကဏ္ဍ။
(ဃ) ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုကဏ္ဍ။

Comments are closed.