Vision /Mission

ရည်မှန်းချက်များ

 

                  ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့်နည်းပညာ) မှ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များကို အာဆီယံနိုင်ငံများရှိ ထိပ်တန်းတက္ကသိုလ်များအဆင့်သို့ ပဉ္စမကာလတို (၅)နှစ်စီမံကိန်း၏ နောက်ဆုံးနှစ် ဖြစ်သော ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ရောက်ရှိစေရန်နှင့် နိုင်ငံအတွက် လိုအပ်သည့် အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပြီး လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်။
(ခ) ဒေသတစ်ခုချင်း တိုးတက်ဖွံ့ဖြိုးမှုရရှိစေရန်နှင့် မြို့ပြ-ကျေးလက်၊ ပြည်နယ်-ပြည်မ မကွာဟစေပဲ အဆင့်မြင့်နည်းပညာများ သင်ယူခွင့်ရရှိစေရန်။
(ဂ) ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများ အတွက် အရည်အသွေးမြင့်မားသော ဆရာ/ဆရာမများကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်။
(ဃ) ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ ထောင်စုနှစ်ရည်မှန်းချက်များအရ သတင်းနှင့်နည်းပညာ ပညာရပ်နယ်ပယ်တွင် နိုင်ငံတစ်ခုနှင့်တစ်ခု နည်းပညာကွာဟမှု မရှိစေရေးအတွက် သတင်းအချက်အလက်နှင့်နည်းပညာအသုံးပြုမှု မြင့်မားလာရေး သတင်းအချက် အလက်နှင့်နည်းပညာ ပညာရပ်ကို ဒေသအလိုက် သင်ယူနိုင်မှု အခွင့်အလမ်းများ ရရှိလာစေရေး ကြိုးပမ်းဆောင်ရွက်ရန်။
(င) ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ ထောင်စုနှစ်ရည်မှန်းချက်များအရ ပုဂ္ဂလိကကဏ္ဍ အတွင်း နည်းပညာအခြေပြုသည့် လုပ်ငန်းအသစ်များ ပေါ်ထွန်းလာစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာစေရေးအတွက် နည်းပညာရှင် များ လေ့ကျင့်မွေးထုတ်ပေးသွားရန်။

Comments are closed.