Policies

မူဝါဒများ

 

                          ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့်နည်းပညာ) ၏  မူဝါဒများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) သဘာဝအရင်းအမြစ်များကို အသုံးပြုပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရေးနှင့် ချမ်းသာကြွယ်ဝလာစေရန်။
(ခ) အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာ၊ စက်မှု လေကြောင်းနှင့်အာကာသပညာအစရှိသည့် ကဏ္ဍများတွင် သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုစေရန်။
(ဂ) နိုင်ငံတော်အတွက် တိုးတက်ပြောင်းလဲလာသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရန်။
(ဃ) ကုန်ကြမ်းများ၊ ကုန်ချောများကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ ဂုဏ်သတ္တိများ တိုင်းတာ ခြင်း၊ အရည်အသွေးထိန်းသိမ်းပေးခြင်းနှင့် စံချိန်စံညွှန်းသတ်မှတ်ပေးခြင်းများကို မြှင့်တင်ရန်။
(င) နျူကလီးယားနည်းပညာအား နားလည်တတ်မြောက်စေရန်နှင့် လက်တွေ့ အသုံးချ နိုင်ရေးအတွက် သုတေသနလုပ်ငန်းဆောင်ရွက်ရန်။
(စ) ဒေသတွင်းသိပ္ပံနှင့် နည်းပညာသင်ယူနိုင်မှု အခွင့်အလမ်းများ တိုးတက်ရရှိလာခြင်း ဖြင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်း ပိုမို မြင့်မားလာပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်။
(ဆ) သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှုလုပ်ငန်းများ စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာစေရန်။
(ဇ) ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ ချမှတ်ထားသော ထောင်စုနှစ်ရည်မှန်းချက်များနှင့်အညီ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများ ပေါင်းစည်းအကောင်အထည်ဖော် ဆောင်ရွက် သည့်အချိန်တွင် လိုအပ်လာမည့် နည်းပညာရှင်၊ အတတ်ပညာရှင်များ လေ့ကျင့် ဆောင်ရွက်ရန်။

 

Comments are closed.